News

Amazon လို ဖြစ်လိုသည့် Xiaomi

ကုမ္ပဏီများစွာနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းပေါ်မှာ ပစ္စည်းအစုံအလင်ကို ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ရောင်းချနေတဲ့ ကုမ္ပဏီလို့ ပြောလိုက်ရင် Amazon ကိုပဲ ပြေးမြင်မိမှာပါ။ ဒါပေမယ့် Amazon ဟာ အမေရိကန်မှာ နာမည်အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး အာရှမှာတော့ Xiaomi ရဲ့ နာမည်ကို ကျော်လွှားနိုင်ခြင်းမရှိသေးပါဘူး။

Xiaomi ဟာ အာရှတိုက်ရဲ့ နာမည်အကြီးဆုံးကုမ္ပဏီဖြစ်သလို ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံး ထွန်းသစ်စ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ကုမ္ပဏီတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရှိပြီး အရည်အသွေးမြင့်မားတဲ့ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချခဲ့တဲ့အတွက် ဈေးကွက်အတွင်း မြန်မြန်ဆန်ဆန်နေရာရလာတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ Wall Street Journal ရဲ့ သတင်းစာရှင်းလင်းပွဲမှာ Xiaomi ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌဖြစ်တဲ့ Bin Lin က ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းသာမက လူအသုံးအဆောင် အီလက်ထရောနစ်ပစ္စည်းများကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း၊ တီဗီ၊ ကင်မရာ၊ ဖုန်း၊ ရေခဲသေတ္တာ အစရှိသဖြင့် စမတ် အိမ်သုံးအီလက်ထရောနစ်ပစ္စည်းများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် Xiaomi ကို စမတ်ဖုန်းကုမ္ပဏီတစ်ခုအဖြစ်မသတ်မှတ်ပဲ အီလက်ထရောနစ်ကုမ္ပဏီအဖြစ် မှတ်ယူစေလိုကြောင်း၊ ၎င်းတို့ကို အင်တာနက် ကုမ္ပဏီဟု ခေါ်ဆိုနိုင်ကြောင်း၊ ကုမ္ပဏီထုတ် ပစ္စည်းများကို အွန်လိုင်းတွင်ရောင်းချသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မေလအတွင်းက Xiaomi ဟာအမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှ ဖုန်းမှလွဲပြီး ကျန်တဲ့ အီလက်ထရောနစ်ပစ္စည်းများရောင်းချတဲ့ အွန်လိုင်းစတိုးကို ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ Xiaomi ရဲ့ စမတ်ဖုန်းများကို အနောက်နိုင်ငံတွေမှာ တင်ပို့ ရောင်းချခြင်းမလုပ်ရသေးပါဘူး။ အမေရိကန်နိုင်ငံမှာရှိတဲ့ Mi Store တွေမှာ ဘက်ထရီ charger၊ headphone အစရှိတာတွေကိုသာ ရောင်းချပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *