News

နောက်ဆုံးပေါ် Android ဗားရှင်းနဲ့ HTC One A9 ထွက်ရှိမည်

အားသာခကျြ

Android Marshmallow တစ်ပါတည်းပါဝင်ခြင်း၊ microSD ကဒ် ထည့်သွင်းနိုင်ခြင်း၊ ကင်မရာကောင်းမွန်ခြင်း၊ ကိုယ်ထည်ကောင်းမွန်ခြင်း

အားနည်းချက်
ဈေးနှုန်းမြင့်မားခြင်း၊ အလယ်လတ်တန်းဖုန်းများနှင့်ပင် စွမ်းဆောင်ရည်တူခြင်း

ရုတ်တရက် ပုံစံကိုကြည့်လိုက်မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ ဒါဟာ iPhone 6 လို့ထင်ကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် HTC ဟာ သူတို့ရဲ့ ဖုန်းက Apple ရဲ့ ဒီဇိုင်းကို ခိုးချထားတာ လုံးဝမဟုတ်ပါဘူးလို့ ငြင်းချက် ထုတ်ပြန်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဖုန်းကိုပဲလေ့လာကြည့်ရအောင်။

HTC ရဲ့ အထင်ကရဖုန်းစီးရီးတွေထဲ နောက်ဆုံး ဝင်ရောက်လာတဲ့ One A9 ဟာ မျက်နှာပြင် ၅ လက်မရှိပြီး 13 mega pixel ကင်မရာပါဝင်ပါတယ်။ processor အနေနဲ့ octa-core ကို အသုံးပြုထားပြီး ထုံးစံအတိုင်းပဲ fingerprint နည်းပညာကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ကိုယ်ထည်က metal design ပါပဲ။

မျက်နှာပြင်ဟာ ၅ လက်မဖြစ်တဲ့အတိုင်း full HD ထွက်ရှိမှာဖြစ်ပါတယ်။ resolution က 1920×1080 ဖြစ်ပါတယ်။ ဖုန်းရဲ့ ထူးခြားချက်ကတော့ microSD ကဒ်ပမာဏ ကြိုက်သလောက်ထည့်နိုင်တာပါပဲ။ ဒါကလည်း Marshmallow ကြောင့်ဖြစ်ပါတယ်။ Marshmallow ရဲ့ feature ဟာ microSD ထဲ app တွေ၊ game တွေ ပေး save တာကြောင့်နဲ့ microSD ကို 200 GB လောက်ထိ support ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။

Performance ကိုကြည့်မယ်ဆိုရင်တော့ Qualcomm Snapdragon 617 octa-core ကို အသုံးပြုထားပြီး ဒါဟာ M9 ထက်နိမ့်တယ်လို့ဆိုရပါမယ်။ game အမြင့်တွေကစားမယ်ဆိုရင်တော့ နည်းနည်းလေး လေးနေလိမ့်မယ်လို့ နိုင်ငံခြား review တွေမှာ ဖော်ပြထားပါတယ်။

ဖုန်းကို နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာ ခန့်ရှိပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *