News, Review

Xiaomi က တရုတ်ပြည်၊ ဘေကျင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ Mi 11 ကို မိတ်ဆက်ခဲ့သလို နောက်ဆုံးပေါ် MIUI 12.5 ကိုလည်း မိတ်ဆက်လိုက်ပါပြီ။

Xiaomi က တရုတ်ပြည်၊ ဘေကျင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ Mi 11 ကို မိတ်ဆက်ခဲ့သလို နောက်ဆုံးပေါ် MIUI 12.5 ကိုလည်း မိတ်ဆက်လိုက်ပါပြီ။
MIUI 12.5 ဟာ privacy ကောင်းပြီး application အသုံးပြုမှုကို ပိုမိုထိန်းကျောင်းထားပါတယ်။ Windows နဲ့ချိတ်ဆက်ထားရင်လည်း notification တွေ လက်ခံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာပါ။ Xiaomi ရဲ့ MIUI 12.5 ဟာ ပုံမှန် update မဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်းမှာ ဖုန်းတွေ အားလုံးကို ထောက်ပံ့ပေးမယ့် ခြေလှမ်းကြီးတစ်ခု ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
Xiaomi က Apple, Huawei, OPPO, vivo နဲ့ Meizu တွေနဲ့ နှိုင်းယှဉ်ပြီး system app အနည်းဆုံး ထည့်သွင်းတာကိုလည်း ပြောခဲ့ပါတယ်။ MIUI 12.5 ကတော့ memory နဲ့ energy ကို ၂၅ ရာခိုင်နှုန်းပဲ အသုံးပြုပြီး နောက်ကွယ်က memory သုံးစွဲမှုကလည်း ၃၅ ရာခိုင်နှုန်းပဲ ရှိမှာပါ။ MIUI 12.5 မှာတော့ settings, ကင်မရာနဲ့ ဖုန်းတွေ ပါဝင်ပေမယ့် bloatware တွေတော့ မပါဝင်လာပါဘူး။
MIUI 12.5 beta ကို ပိတ်သိမ်းပြီး တရုတ်ပြည်တွင်း ဖုန်း ၁၂ မျိုးကျော်အတွက် စတင်ဖြန့်ချိတော့မှာပါ။ အဲဒီဖုန်းတွေထဲမှာ Mi 10 Product တွေအပြင် Redmi K30 နဲ့ Redmi Note 7 ဗားရှင်းနဲ့ Xiaomi Mi 9 ဖုန်းတချို့ ပါဝင်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *