Review

အသေးစားရုပ်ရှင်ရုံလေး(Home Theatre) Xiaomi Mi Wallpaper တီဗီ

65 လက်မ Xiaomi Mi Wallpaper တီဗီကို ဧည့်ခန်းမှာထားရင်း မိတ်ဆွေတို့ရဲ့နေအိမ်မှာ အသေးစားရုပ်ရှင်ရုံလေး(Home Theatre) ဖန်တီးလို့ရပါပြီ။ အခုတလော ရုပ်ရှင်ရုံတွေလည်း ပိတ်ထားရတော့ မြင်ကွင်းကျယ်ရုပ်ရှင်တွေလည်း မကြည့်ရမယ့်အတူတူ ကိုယ့်အိမ်မှာပဲ အလန်းစားတီဗီကြီးနဲ့ ရုပ်ရှင်ရုံအရသာခံစားကြည့်လိုက်ပါ။

တီဗီဖန်သားပြင်က Direct LED, 4K HD အမျိုးအစားဖြစ်ပြီး Resolution 3840 x 2160 ထွက်ရှိတာမို့ အရောင်တွေ စိုပြေလင်းလက်ပြီး ကြည်လင်ရှင်းသန့်ပါတယ်။ Xiaomi က သူထုတ်တဲ့တီဗီကို LG နောက်ခံနဲ့ Samsung display panel တို့ကို ပေါင်းစပ်ထားတဲ့အတွက် နည်းပညာပေါင်းကူးထားတဲ့တီဗီဖြစ်သွားတာမို့ တမူထူးခြားနေမှာ အမှန်ပဲဖြစ်ပါတယ်။

မြင်ကွင်းကျယ် 65 လက်မဖြစ်ပေမယ့် အလွန့်အလွန်ပါးလွှာပေါ့ပါးအောင် ထုတ်လုပ်ထားတဲ့အတွက် နံရံမှာ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသလို “ဒါလားဟဲ့ … တီဗီ” ဆိုပြီး တအံ့တဩဖြစ်စေပါလိမ့်မယ်။

စပီကာတွေ၊ မားသားဘုတ်နဲ့ power supply ယူနစ်တွေကို တီဗီအောက်ခြေမှာပဲ စုစည်းတပ်ဆင်ပေးထားပါတယ်။ တီဗီဖန်သားပြင်ကို Xiaomi က တီထွင်ထားတဲ့ Miport လမ်းကြောင်းသစ်နဲ့ချိတ်ဆက်ထားပြီး ကြိုးတစ်ချောင်းတည်းမှာ ကေဘယ်အဆက်အသွယ် ၃၀ ထည့်သွင်းထားပါတယ်။

အဲဒီကေဘယ်အဆက်အသွယ် ၃၀ ထဲမှာ စွမ်းအားမြင့် supply စနစ်နဲ့ resolution မြင့် ဗီဒီယိုအချက်ပြလှိုင်းဝါယာကြိုးတွေ ပါဝင်ပါတယ်။ အဲဒီ MiPort ဟာ 18Gps HD အချက်ပြလှိုင်းထုတ်လွှတ််မှုနဲ့ 400W ပါဝါမြင့် supply ထောက်ပံ့ပေးပါတယ်။

စမတ်တီဗီရဲ့ သွင်ပြင်လက္ခဏာတွေအဖြစ် MaiMali-T830MP2 GPU နဲ့ 1.8GHz အမြန်နှုန်းဖြင့်အလုပ်လုပ်သော Amlogic quad-core 65-bit ပရိုဆက်ဆာတပ်ဆင်ပေးထားပြီး Memory 2GB + 32GB ရှိပါတယ်။ ပြင်ပအဆက်အသွယ်တွေအနေနဲ့ 2.4G / 5G Wi-Fi ac, Bluetooth 4.2, 3x HDMI ports, 2 x USB port တွေကို တပ်ဆင်ပေးထားပါတယ်။

အသံပိုင်းမှာတော့ Dolby နဲ့ DTS-HD dual decoding အရည်အသွေးရစေမယ့် Soundbar လိုင်း 6 လိုင်းနဲ့ subwoofer ပါပြီးသားဖြစ်ပါတယ်။

ဝယ်မယ်ဆိုရင် တန်ဖိုးက K1,148,000 နဲ့ ICT.com.mm ကို အခုပဲ လှမ်းဆက်လိုက်နော်။ အိမ်အရောက်ပို့ပေးမှာပါဗျား။

https://www.ict.com.mm/…/xiaomi-mi-wallpaper-tv-65-inch-4k…/

Leave a Reply

Your email address will not be published. Required fields are marked *