News, Review

Xiaomi က Mi 11 စီးရီးကို မိတ်ဆက်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်

Xiaomi က Mi 11 စီးရီးကို မိတ်ဆက်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ Mi 11 စီးရီးမှာ Snapdragon 888 ပရိုဆက်ဆာပါဝင်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ရောင်းချမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

Xiaomi က Weibo ကနေ Mi 11 မိတ်ဆက်မယ့်ရက် ထုတ်ပြန်သွားပါတယ်။ ဖုန်းသစ် မိတ်ဆက်ပွဲကိုတော့ တရုတ်ပြည်မှာ ပြုလုပ်ပြီး တရုတ်စံတော်ချိန် ညနေ ၇:၃၀မှာ လုပ်သွားမယ်လို့ သိရပါတယ်။

Mi 11 ကိုတော့ တစ်ကမ္ဘာလုံးအတွက် ဘယ်အချိန်မိတ်ဆက်မလဲဆိုတာတော့ မထုတ်ပြန်ခဲ့ပါဘူး။ တရုတ်မှာမိတ်ဆက်ပြီး မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်ဖို့တော့ များပါတယ်။

အိုင်စီတီချစ် ပရိသတ်ကြီးတို့ရေ…
Mi 11 တော့ လာတော့မယ်တဲ့၊ ဝယ်ဖို့ အဆင်သင့်ပဲလား ပြောပေးသွားကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *