Review

Xbox Series X ရေခဲသေတ္တာကို ဖန်တီးလိုက်ပါပြီ

Microsoft ဟာ Xbox Series X ကို ပထမဆုံး ထုတ်ဖော်ပြသခဲ့တာ တစ်နှစ်တိတိ ရှိသွားပါပြီ။ Microsoft Xbox Series X ဂိမ်းစက်က ရေခဲသေတ္တာနဲ့ တူတယ်လို့ ပြောဆိုမှုက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာပါ။ အခုဆိုရင်တော့ Microsoft က ဟာသအနေနဲ့ Xbox Series X ရေခဲသေတ္တာကို ဖန်တီးလိုက်ပါပြီ။

အဲဒီ ရေခဲသေတ္တာကတော့ Xbox Series X ပုံတူ တစ်အချိုးတစ် ဒီဇိုင်းဖြစ်ပြီး အမြင့် ၆ ပေ ရှိကာ အလေးချိန်က ပေါင် ၄၀၀ ရှိပါတယ်။ ဒါ့အပြင် ရှေ့ဘက်မှာ Xbox လိုဂို ပါဝင်နေတာပါ။ ရေခဲသေတ္တာကို ဖွင့်လိုက်ရင် ဂိမ်းစက်က disc drive အသံမြည်ပြီး မီးပွင့်လာပါမယ်။ မီးအရောင်ကတော့ အစိမ်းဖြစ်ပါတယ်။

Microsoft ကတော့ Xbox Series X ဂိမ်းဈေးအတိုင်း ရေခဲသေတ္တာကိုလည်း ၄၉၉ ဒေါ်လာလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာကို ဝယ်ယူခွင့်မပေးဘဲ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရတဲ့အခါမှ Xbox Series X ရေခဲသေတ္တာရရှိကာ နိုဝင်ဘာလ ၄ ရက်မှာ ထုတ်နိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က Microsoft က Xbox Series X ရေခဲသေတ္တာကို Rapper Snoop Dogg ဆီ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *