News

ဆွဲဆောင်မှုအရှိဆုံး လူနေမှု ပုံစံ ၁၈ မျိုး

ပုံမှန်အားဖြင့် လူသားတွေဟာ မည်သည့်နေရာမှာမဆို အသက်ရှင် ရပ်တည်နိုင်စွမ်းရှိကျပါတယ်၊ ဒါပေမယ့် အချို့တွေကတော့ နေထိုင်မှုပုံစံ တစ်ယောက်ထက် တစ်ယောက်ပိုကောင်းအောင် လုပ်ဆောင်လေ့ရှိပါတယ်၊ လူသားတွေရဲ့ တီထွင်နိုင်မှု ဉာဏ်ဘယ်လောက်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အိမ်ပုံစံတွေ ထွက်ရှိလာပါတယ်၊ တည်ဆောက်ပုံရိုးရှင်းစွာနှင့် ဆန်းသစ်နေတဲ့ ဆွဲဆောင်မှုအရှိဆုံး အိမ် ပုံစံ ၁၈လုံးကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

Indonesia ၏ရှေးအကျဆုံး မြို့တော် Yogyakarta ဟာ မြေငလျှင်လှုပ်မှုကြောင့် ပြိုကျသွားပြီးနောက် ရွာသား များနေထိုင်ရန် ဆောက်လုပ်ခဲ့သည့် အိမ်အလုံး ၉၀ပဲဖြစ်ပါတယ်။

Rocklan စိုက်ပျိုးမွေးမြူရေးခြံ အတွင်းက အိမ်များဖြစ်ပါတယ် ၊ချောက်ကမ်းပါးအတွင်းက လှိုဏ်ဂူထဲတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်၊ ယင်းမြို့ငယ်လေးအတွင်းမှာ အနည်းဆုံးလူပေါင်း ၁၀၀ ခန့်နေထိုင်ကျတယ်လို့ သိရပါတယ်၊ စတင်တည်ထောင်ခဲ့တာ ၃၅နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်၊

Architect Gary Chang ဟာ ဟောင်ကောင်မှာ တည်ရှိနေပြီး ၁၀၅ square foot ကအကျယ်အ၀န်းရှိပါတယ်၊ ‘ ‘’ Domestic Transformer’’ လို့ခေါ်တဲ့ ယင်းအိမ်အတွင်း နံရံတွေကို ရွှေ့ပြီး အိမ်ခန်းပေါင်း ၂၄ခန်း ဖွဲ့စည်းတည်ဆောက်လို့ ရနိုင်ပါတယ်၊

Bulgarian အမျိုးသမီးတွေဟာ စပိန်မြို့လယ်ခေါင်မှာ ကားတစ်စီးအရွယ်အစားရှိတဲ့ ၀ိုင်ထည့်တဲ့ အိုးကြီးအတွင်း နေထိုင်ခဲ့ကျပါတယ်၊ သီးနှံရိန်သိမ်းချိန် ခြောက်လအတွင်း စပျစ်သီး ခူးဖို့အတွက် လူ ၄၀ခန့်မဟာ Camp ပုံစံသဘောမျိုးနှင့် နေထိုင်ကျပါတယ်။

အရှေ့ပြင်သစ်မှာ တည်ရှိတဲ့ Solar house ဖြစ်ပါတယ်၊ အိမ်ပုံစံကို သုံးဖက်မြင်ပုံစံ တည်ဆောက်ထားပြီး နွေရာသီ ကာလတွေမှာ အအေးဓာတ်ကို ထိန်းသိမ်းပေးနိုင်ကာ ဆောင်းရာသီကာလများ တွင်တော့ အပူဓာတ်ကို အိမ် အတွင်းနွေးထွေးအောင် စွမ်းဆောင်ပေးနိုင်တဲ့ အိမ်ပုံစံတစ်ခုဖြစ်ပါတယ်။

Mexico နိုင်ငံမြောက်ပိုင်း Coahuila ပြည်နယ်မှာ တည်ရှိပါတယ်၊ အချင်းအားဖြင့် 134မီတာကျယ်ပြီး ထုထည်ကြီးမားစွာဖြင့်တည်ဆောက်ထားတဲ့ အုတ်အိမ်အမျိုးအစား ဖြစ်ပါတယ်။

Brooklyn’s iconic Clock Tower ကြီးရဲ့ထိပ်မှာ တည်ရှိတဲ့ Triplex Penthouse အမျိုးအစား ဖြစ်ပါတယ်၊ ဓာတ်လှေကား ပါ၀င်ပြီး 7000 square feet ကျယ်၀န်းပါတယ်၊ဒေါ်လာ ၁၈မီလီယံနဲ့ရောင်းချနေပြီး နယူးယောက်မှာ ရှုခင်းအကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်၊

ဘရာဇီးညီအကို နှစ်ယောက်ဖန်တီးခဲ့တဲ့ ဒေါင်လိုက်အိမ်ပုံစံ ဖြစ်ပါတယ်၊ စင်များ၊ ထိုင်ခုံများ၊ ကြိုးပုခက်နှင့် မွှေ့ယာပါ၀င်ပြီး ရေချိုးခန်းကိုတော့ နောက်ထပ် အနုပညာအခန်းတစ်ခုမှာ ဖွဲ့စည်းထားပါတယ်။

Prague မြောက်ပိုင်း ရွာငယ်တစ်ရွာမှာ တည်ရှိပြီး အသက် ၇၃နှစ်ရှိပြီဖြစ်တဲ့ Bohumil Lhotaကတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်၊ သူဟာ 1981 ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး 2002 ခုနှစ်ရောက်မှ ပြီးဆုံးခဲ့ပါတယ်၊ အိမ်ပုံစံကတော့ Tunning House ဖြစ်ပြီး ရှုခင်းကောင်းတဲ့ဘက်ကို လှည့်ပြောင်းနိုင်ပြီး အထက်အောက်ကိုလည်း ရွှေ့ပြောင်းလို့ရပါတယ်။

ငါးပေသာကျယ်တဲ့အတွက် ကမ္ဘာ့အပါးလွှာဆုံးအိမ် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်၊ Keret Home လို့အမည်ပေးထားပြီး အဆောက်အအုံနှစ်ခုကြားမှာ တည်ဆောက် ထားတာ ဖြစ်ပါတယ်၊ တည်ဆောက်ခဲ့သူ Edgar Keret ကပြောခဲ့တာက အိမ်ရဲ့ဒီဇိုင်းဟာ သူမိဘတွေ မကွယ်လွန်ခင်က စဉ်းစားခဲ့တဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ် လို့ ပြောပါတယ်။

Three Room အိမ်အမျိုးအစားဖြစ်ပြီး Sydney က သဘောၤ Container မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်၊ တန်ကြေး ဒေါ်လာ130,000 ရှိပြီး ရေချိုးခန်းနှစ်ခန်း၊ မီးဖိုချောင်တစ်ခု၊ သစ်သားကြမ်းပြင်တို့ဖြင့် ဖွဲ့စည်းထားပါတယ်၊

Ivory Coast ရဲ့ မြို့တော် Abidjan မှာ တည်ဆောက်ထားပါတယ်၊ မိချောင်းတစ်ကောင်ပုံစံမျိုး အနုပညာရှင်တစ်ယောက်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်၊ ယခု အနုပညာရှင်၏ အလုပ်သင်ဟာ အနုပညာရှင်သေဆုံးပြီးနောက် ဆက်လက်နေထိုင်လျက်ရှိပါတယ်၊

Tree House တွေကတော့ အင်္ဂလန်မြောက်ပိုင်း Derbyshire မှာ တည်ရှိပါတယ်၊ နေထိုင်သူတွေက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းလိုသူတွေ ဖြစ်ပြီး ကမ္ဘာမြေ၏ ရာသီဥတုဖောက်ပြန်နေမှုကို သတိပေးလိုသည့်အတွက် လေးနှစ်ကျော်နေထိုင်ခဲ့ကျပါတယ်၊

Nigeria နိုင်ငံမှာတည်ရှိတဲ့ ယင်းအိမ်ပုံစံဟာ လေယာဉ်ပုံစံ ဒီဇိုင်းပြုလုပ်ထားပါတယ်၊ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ခရီးသွားရခြင်းကို နှစ်သက်သည့် အကြောင်း ပြသဖို့ အတွက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်၊ မီးဖိုချောင်နှင့် ကွန်ပျူတာခန်းဟာ လေယာဉ်ထဲမှာ တည်ရှိပါတယ်။

Australia မှာ တည်ရှိတဲ့ Three Bedroom အမျိုးအစား အိမ်ဖြစ်ပါတယ်၊ ဈေးနှုန်း ဒေါ်လာ 700,000 ဖြစ်ပြီး မိနစ် ၃၀ပြည့်တိုင်း အခြားအရပ်မျက်နှာတွေကို အလိုအလျောက် လှည့်သွားမှာ ဖြစ်ပါတယ်၊

ကျောက်တုံးပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကတော့ Serbia နိုင်ငံရဲ့ Drina မြစ်မှာ ရှိပါတယ်၊1968 ခုနှစ် လူငယ်အဖွဲ့တစ်ဖွဲ့က ဖန်တီးတည်ဆောက်ခဲ့တာဖြစ် ပါတယ်၊ နှစ် 50ကျော်ကြာရပ်တည်ခဲ့ပြီး ရေလွှမ်းမိုးခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ရှိတဲ့ Liu Lingchao ဟာ သူကိုယ်တိုင်အိမ်အဖြစ် တည်ဆောက်ခဲ့ပြီး သူနေထိုင်တဲ့ မြို့လေးအတွင်းမှာ လှည့်ပတ်သွားလာခဲ့ပါတယ်၊ သူဟာ ငါးနှစ်တာ ကာလအတွင်း 132 pound လေးတဲ့ ပလတ်စတစ်အိတ်၊ ဝါးနှင့် အိပ်ရာခင်းတွေကို သယ်ဆောင်ပြီး လျှောက်သွားနေ ခဲ့တာ ဖြစ်ပါတယ်။

Chris နှင့် Malissa Tack တို့ဟာ 2011 ခုနှစ်က စတင်ပြီး နေထိုင်မှုပုံစံအသစ် တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်၊ သူတို့ဟာ Washington မှာ ရှိတဲ့ အိမ်ငယ်လေးကို သူတို့ရဲ့ ကမ္ဘာအဖြစ် တည်ဆောက်ခဲ့ပါတယ်၊သူတို့ရဲ့ အိမ်သစ်လေးဟာ 140 square feet သာ ကျယ်၀န်းပါတယ်။

2 thoughts on “ဆွဲဆောင်မှုအရှိဆုံး လူနေမှု ပုံစံ ၁၈ မျိုး

  1. may thu kyaw says:

    နေကြည့်ချင်လိုက်တာ……..လုပ်တတ်ပါပြီ…….

  2. thwethweaye says:

    တရုတ်နိုင်ငံမှာ ရှိတဲ့ Liu Lingchao အိမ်ကိုတော့ အကြိုက်ဆုံးဘဲ

Leave a Reply

Your email address will not be published. Required fields are marked *