Featured, News, Review

Virginia Techရဲ့ ကူညီမှုနဲ့ Associated Press, New York Timesနဲ့ အခြား သတင်းဌာနများက Droneများကို စမ်းသပ်မည်

Virginia Techရဲ့ ကူညီမှုနဲ့ Associated Press, New York Timesနဲ့ အခြား သတင်းဌာနများက Droneများကို စမ်းသပ်မည်

Drone ယာဉ်ပျံငယ်လေးတွေနဲ့ သတင်းရယူဖို့ အတွက် စည်းမျဉ်းဥပဒေကို ရေးဆွဲပေးဖို့ Federal Aviation Agency (FAA)ကို ကူညီပေးဖို့ ကြိုးစားနေတာ စီအန်အန် သတင်းဌာနတစ်ခုတည်း မဟုတ်ပါဘူး။ Associated Press, Getty, Gannett, NBCUniversal, The New York Times Company, and The Washington Post အပါအ၀င် သတင်းဌာနများစွာက သတင်းရယူဖို့အတွက် လူမဲ့ ယာဉ်ပျံငယ်လေးများကို စမ်းသပ်အသုံးပြုဖို့ Virginia Techကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ကြပါတယ်။ ယာဉ်ပျံငယ်လေးများကို စမ်းသပ်အသုံးပြုရမယ့် နေရာကိုတော့ အမေရိကန် လွှတ်တော်က သတ်မှတ်ပေးထားပြီး စမ်းသပ်ရမယ့် နေရာခြောက်ခုမှ တစ်ခုကို သတင်းဌာနတွေအတွက် ခွင့်ပြုပေးထားပါတယ်။ အမေရိကန် လွှတ်တော်က Dronesများကို စီးပွားဖြစ် အသုံးပြုနိုင်မယ့် စည်းမျဉ်းတွေကို FAAက ပြဌာန်းပေးဖို့ ကူညီပေးနေပါတယ်။

မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားချက်အရ သတင်းဌာနများနဲ့ Virginia Techတို့ဟာ စမ်းသပ်ကွင်းကို သတင်းရယူတဲ့ နေရာတစ်ခု အဖြစ် ပုံတူပြုလုပ်ကြမှာ ဖြစ်ပြီး Droenများဟာ သတင်းရယူဖို့အတွက် ဘယ်လောက်ကူညီပေးနိုင်သလဲဆိုတာ တိုင်းတာ စစ်ဆေးမှာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ စီအန်အန်က လူမဲ့ ယာဉ်ပျံငယ်လေးများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ FAAနဲ့ ပူးပေါင်းပြီး သုတေသန ပြုလုပ်ခွင့်ရပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ပူးပေါင်းမှုကနေ သုတေသနရလဒ်များကို ဘယ်အချိန်မှာ ကြေညာနိုင်မလဲဆိုတာကို မပြောကြားသေးပါဘူး။ တစ်ချိန်တည်းမှာပဲ FAAက Droneတွေကို စီးပွားဖြစ် အသုံးပြုနိုင်ဖို့အတွက် တိကျတဲ့ စည်းမျဉ်းတွေကို ရေးဆွဲနိုင်ဖို့ ဖိအားပေးခြင်း ခံနေရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *