News

Core ရှစ်လုံးတပ်ဆင်ထားတဲ့ Samsung Galaxy S5 လာမည်

Samsung က Galaxy S5 ကို နှစ်မျိုးထုတ်လုပ်ထားတယ်လို့ ကြေညာပါတယ်။ တစ်မျိုးက 2.5GHz Quad-Core Snapdragon 801 ကို အသုံးပြုထားတာဖြစ်ပြီး နောက်တစ်မျိုးက 2.1GHz Octa-Core Exynos SoC ကို အသုံးပြုထားတာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များ ကို Samsung က ပြောကြားခြင်းမရှိသေးပါဘူး။ Samsung က Galaxy S4 ကိုလည်း Exynos Octa-Core အမျိုးအစားထုတ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီအမျိုးအစားကို ကိုရီးယားအတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုရီးယားမှာပဲ ရောင်းချခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S5 မှာ ၅.၁ လက်မအရွယ် HD Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ 2GB RAM တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ရွေးချယ်နိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို မသိရသေးပါဘူး။

Galaxy S5 ဟာ ရေစိုခံနိုင်တဲ့အပြင် နှလုံးခုန်နှုန်း ကိုတိုင်းတာပေးတဲ့ Sensor၊ Fingerprint Sensor တို့ကို တပ်ဆင်ထားပါတယ်။ Galaxy S5 ရဲ့ အသေးစိတ်အချက်အလက်များကို အောက်ကလင့်မှာ ဖတ်နိုင်ပါတယ်။

/news/%E1%80%9B%E1%80%B1%E1%80%85%E1%80%AD%E1%80%AF%E1%80%81%E1%80%B6%E1%80%90%E1%80%B2%E1%80%B7-samsung-galaxy-s5/

Galaxy S5 နဲ့ iPhone 5S ဘယ်ဖုန်း ပိုကောင်းလဲဆိုတဲ့ ဆောင်းပါးကို အောက်ကလင့် မှာ ဖတ်နိုင်ပါတယ်။

/reviews/samsung-galaxy-s5-vs-apple-iphone-5s-%E1%80%98%E1%80%9A%E1%80%BA%E1%80%96%E1%80%AF%E1%80%94%E1%80%BA%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။