News

အမေရိကန်ရဲ့ လေဆာလက်နက်

အမေရိကန်ရေတပ်က Drone တွေကို ပစ်ချနိုင်တဲ့ လေဆာလက်နက်ကို တီထွင်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ စမ်းသပ်ပြီး နောက်မှာ အမေရိကန်ရေတပ်က သူတို့ရဲ့ LaWS လို့ အမည်ပေးထားတဲ့ လေဆာလက်နက်နည်းစနစ်သုံး နမူနာ လေဆာ လက်နက်ကို နောက်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီလက်နက်ကို နွေရာသီ နောက်ပိုင်းမှာ စစ်တပ်မှာ တပ်ဆင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပြီး LaWS ဟာ ဝေဟင်ရှိ ပစ်မှတ်များကို အစွမ်းထက်စွာ ဖျက်ဆီးနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ လေဆာလက်နက် ကို Video Game Controller ကနေ ထိန်းချုပ်နိုင်ပါတယ်။ အဲဒီအတွက် ရန်သူ့ပစ်မှတ်တွေကို ချေမှုန်းတဲ့နေရာ မှာ ပိုမိုထိရောက်တယ်လို့ သိရပါတယ်။ လေဆာလက်နက် ကို တစ်ခါပစ်ခတ်ရင် တစ်ဒေါ်လာ လောက်သာ ကုန်ကျမှာ ဖြစ်တဲ့အတွက် ငွေကုန်ကြေးကျ များပြားတဲ့ စစ်လက်နက်တွေနေရာမှာ အစားထိုးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် လေဆာလက်နက် ရဲ့ ပစ်ခတ်ပုံ ကို အောက်က ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *