News

“Facebook ရဲ့ သခင်လုပ်မှာလား ကျေးကျွန်လုပ်မှာလား” ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင် လက်ရှိလူသုံးများသော Facebook ပေါ်တွင် ဆောင်ရန်၊ ရှောင်ရန်၊ သတင်းအရင်းအမြစ်ဆန်းစစ်ရေး၊ ဆိုက်ဘာလုံခြုံရေး အစရှိသည်များကို ဆွေးနွေးမယ့် “Facebook ရဲ့ သခင်လုပ်မှာလား ကျေးကျွန်လုပ်မှာလား”ဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက် (စနေ) နေ့လည် ၁ နာရီ ခွဲမှ ညနေ ၅ နာရီအထိ လှိုင်မြို့နယ်ရှိ MICT Part ရဲ့ Conference Hall မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မည်သူမဆို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပွဲအတွင်း ထင်ပေါ်ကျော်ကြားသူများ၊ အိုင်တီပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာများကတော့ လူမှုကွန်ယက်ပေါ်တွင် ဆောင်ရန်၊ ရှောင်ရန်များ၊ အသုံးပြုသူတစ်ဦးချင်း၏ privacy နှင့် security ကိစ္စများ၊ cyber-bullying ကိစ္စများ၊ e-democracy အခြေအနေများ၊ သတင်းရင်းမြစ် ဆန်းစစ်ရန် အရေးကြီးပုံများ၊ လူမှုကွန်ယက်သိကောင်းစရာများအစရှိသဖြင့် ပါဝင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *