News

ခွေးနှစ်ကောင်ရဲ့ မင်္ဂလာပွဲကျင်းပ

ခွေးနှစ်ကောင်ရဲ့ မင်္ဂလာပွဲကျင်းပ

ထူးထူးခြားခြားအနေနဲ့ ခွေးနှစ်ကောင်ရဲ့ မင်္ဂလာပွဲကျင်းပတဲ့ သတင်းကို တင်ဆက်ပေးချင်ပါတယ်။ အဲဒီမင်္ဂလာပွဲကို စတာလင်ပေါင် နှစ်ထောင် အကုန်အကျခံ ကျင်းပခဲ့တာဖြစ်ပါတယ်။ သတို့သမီးခွေးမလေး Bettyကို စတာလင်ပေါင် တစ်ရာတန် ကိုယ်တိုင်ချုပ် မင်္ဂလာ၀တ်စုံ ဆင်မြန်းပေးခဲ့ပြီး သတို့သားခွေးထီးလေး Albertကိုတော့ စမတ်ကျလှတဲ့ လည်စီးနဲ့ ၀တ်စုံကို ဆင်မြန်းပေးထားပါတယ်။ မင်္ဂလာလက်စွပ်များကို လည်စည်းများမှာ ချည်နှောင်ပေးထားပါတယ်။ ခွေးနှစ်ကောင်ဟာ ခွေးဘီလူးအမျိုးအစားများ ဖြစ်ကြပါတယ်။

သူတို့စုံတွဲဟာ သားပေါက်အရွယ်ကတည်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ ချစ်ကျွမ်း၀င်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ရှင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် Christine Reynoldsက “ ခွေးနှစ်ကောင်ကို မင်္ဂလာဆောင်ပေးတာ လူတွေရီကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ခွေးနှစ်ကောင်ဟာ ချစ်ကြိုက်နေကြတဲ့အတွက် မင်္ဂလာဆောင်ပေးလိုက်တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အခုဆိုရင် သူတို့ဟာ လက်ထပ်ပြီးတဲ့အတွက် အိပ်ယာတစ်ခုထဲမှာ အတူတူအိပ်လို့ရသလို ကလေးတွေမွေးဖွားကြတော့မှာပါ။” လို့ ပြောပါတယ်။

Christineက Albertကို ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့ပြီးတစ်နှစ်အကြာမှာ Bettyကို ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ Bettyဟာ အခုဆိုရင် အသက်တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူတို့စုံတွဲဟာ အစာခွက်တစ်ခုထဲမှ စားသောက်ကြသလို ဆိုဖာပေါ်မှာလည်း ယှဉ်တွဲပြီး အိပ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လျှာနဲ့ရက်ပြီး သန့်စင်ပေးကြပါတယ်။

Christineက မင်္ဂလာပွဲကို Northantsပြည်နယ်ရှိ Desboroughမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ Christineက “Albertဟာ Bettyကို အမြဲတမ်းစောင့်ရှောက်လေ့ရှိပါတယ်။ ခွေးနှစ်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် သစ္စာရှိစွာ ပေါင်းသင်းဖို့ မျှော်လင့်ပါတယ်။” လို့ ပြောပါတယ်။

1

2

3

4

5

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *