မကြာခင်က Googleက Chromecastဆိုတဲ့ Gadgetကို 35$နဲ့ ရောင်းချခဲ့ပါတယ်။ Chromecastက Android, iOS Deviceတွေက Online Video, Mediaတွေကို TVမှာ ကြည့်လို့ရအောင် ပြုလုပ် ပေးနိုင်ပါတယ်။ Chromecastကို TVရဲ့ HDMI Portမှာ တင်ဆင် အသုံးပြုရမှာပါ။ နောက်ပြီး Android, iOS, Mac, Windowsမှာ Chromecast Appကို အင်စတောလုပ်ပြီး အသုံးပြုရမှာပါ။ Android, iOS, Macအတွက်ကတော့ ထွက်ရှိပြီးဖြစ်ပြီး အခုမှ iOSအတွက် ထွက်ရှိလာတာပါ။ ဒီဆောင်းပါးမှာတော့ Chromecastနဲ့ iOSကို Setupလုပ်နည်း ရေးပါမယ်။
Plugging It In
Chromecastကို TVမှာ တပ်ဆင်ပါ။ Power ကြိုးကို ချိတ်ဆက်ပြီး TVကို ဖွင့်ပါ။ သင့်တော်တဲ့ HDMI Input Settingကို ပြောင်းပါ။ iOSအတွက် Chromecast Appကို အင်စတောလုပ်ပါ။ iOSရဲ့ Settingsထဲမှာ Wifiကိုဖွင့်ပြီး Chromecast Deviceနဲ့ ချိတ်ဆက်ပါ။
Connecting
Chromecast Appကို ဖွင့်လိုက်တာနဲ့ Chromecast Deviceနဲ့ အလိုလို ချိတ်ဆက်နေတာ တွေ့ရမှာပါ။ Device Nameကို ပြောင်းလဲနိုင်သလို Wifi Networkကိုလည်း ရွေးနိုင်ပါတယ်။iPhone or iPadနဲ့ Chromecast Deviceက တူညီတဲ့ Network တစ်ခုထဲမှာ ရှိရပါမယ်။
Compatible Apps
Mediaတွေကို TVကို လွှင့်ထုတ်ဖို့ Compatible Appတွေကနေ ပြုလုပ်ရမှာပါ။ Compatible App တွေကတော့ Androidအတွက် YouTube, Netflixအပြင် Google Play Music, Movies,TV တို့ကိုပါ အသုံးပြုနိုင်ပေမယ့် iOSအတွက် ဆော့ YouTube, Netflicတို့ကိုသာ အသုံးပြုနိုင်မှာပါ။ iOS Device က YouTube, Netflix Appကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်က Chromecast Iconကိုနှိပ်ပြီး Video တွေကို TVသို့စတင်ပြီး ထုတ်လွှင့်နိုင်ပါပြီ။
Factory Reset
Chromecastရဲ့ Android, Mac, Windows clientsတွေမှာ Factory Resetပြုလုပ်ဖို့ Function ပါရှိပါတယ်။ တကယ်လို့ iOS Appမှာ မပါခဲ့ရင် Chromecast Buttonကို (၂၅)စက္ကန့် ကြာအောင် ဖိထားပြီး Factory Reset ပြုလုပ်နိုင်ပါတယ်။
window 8 အတွက် online free video application တွေကောရှိလား ခင်ဗျ