How-to

Android Deviceက Video, Mediaတွေကို TVမှာကြည့်မယ်

မကြာမီက Googleက Chromecastဆိုတဲ့ Deviceကို ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ Chromecast က Android Deviceတွေက Online Video,Mediaတွေကို TVမှာ ကြည့်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။ TVက HDMI Portမှာတပ်ဆင်ပြီး အသုံးပြုရမှာပါ။ Chromecastက 35 Dollar တန်ကြေး ရှိပါတယ်။ Chromecast ထွက်ပေါ်လာပြီး သိပ်မကြာမီမှာပဲ Android Developer တစ်ယောက်က CheapCastဆိုတဲ့ Android Applicationတစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ Cheap Cast App က Chromecast Deviceမလိုဘဲ Android Deviceတစ်ခုကနေ အခြားတစ်ခုကို Video,Mediaတွေ ထုတ်လွှင့် ပြသပေးနိုင်ပါတယ်။ Android Deviceကနေ TVကိုလည်း ထုတ်လွှင့်နိုင်ပါသေးတယ်။

လိုအပ်တဲ့အရာများ

– CheapCastကို အင်စတောလုပ်ပြီး Mediaတွေကို ထုတ်လွှင့်ပေးတဲ့ Host Deviceအနေနဲ့ သုံးဖို့ Android Deviceတစ်ခု

– Videoတွေကြည့်ဖို့အတွက်  Remote  Deviceအနေနဲ့သုံးဖို့ Android or iOS Deviceတစ်ခု

– HDMI portပါတဲ့ TVတစ်လုံး

– Micro HDMI cable (Host Device မှာ HDMI Port ပါခဲ့ရင်)

– MHL adapter ( Host Devie မှာ HDMI Port မပါခဲ့ရင်)

Android Deviceအချင်းချင်း Videoတွေထုတ်လွှင့်ပေးဖို့ အတွက်တော့ အပေါ်ဆုံးက အချက်နှစ်ချက်ပဲ လိုအပ်မှာပါ။ Androidကနေ TVကို Videoတွေ ထုတ်လွှင့်ပေးဖို့အတွက် အောက်က အချက်တွေပါ လိုအပ်ပါတယ်။

Step One: Install and Set Up CheapCast

CheapCastကို Google Play Store ကနေ ဒေါင်းလုပ်လုပ်ပြီးAndroid Device(Host)မှာ အင်စတောလုပ်ပါ။ Friendly nameကို နှစ်သက်ရာပေးပြီး Play Buttonကိုနှိပ်ပါ။ ပြီးရင် Chromecast Supported Appတွေဖြစ်တဲ့ Netflix, YouTube, Play Movies and Music စတဲ့ Appတွေကို ဖွင့်ပြီးတစ်ခြား Android Device(Remote Device)ကို Video, Mediaတွေ ထုတ်လွှင့်လို့ရပါပြီ။

http://www.youtube.com/watch?feature=player_embedded&v=MGzsYxEAnZQ

Step Two: Android Deviceကနေ TVကို ထုတ်လွှင့်ခြင်း

တစ်ချို့ Android Deviceတွေမှာ HDMI Portပါရှိပါတယ်။ အဲဒီဖုန်းနဲ့TVကို HDMI Cableနဲ့ ချိတ်ဆက်ပြီးရင် သင့် Android  Deviceက  Video,Mediaတွေကို TVမှာ ကြည့်နိုင်ပါပြီ။
အခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ MHL (Mobile High-Definition Link)ကို Support ပေးကြပါတယ်။ အဲလိုဖုန်းမျိုးဆိုရင် MHL Cableကို သုံးပြီး TVနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=KgeaeXM4SpM

ဒါဆိုရင် သင့် Android Deviceက Video,Mediaတွေကို သင့် TVမှာ ကြည့်နိုင်ပါပြီ။ လောလောဆယ်တော့ Netflix, YouTube, Play Movies and Music စတဲ့ Appတွေကိုသာ ကြည့်နိုင်ပြီး နောက်ပိုင်းမှာ Blip, Vevo, Devour, Hulu Plus, and HBO Goစတဲ့ App တွေက Chromecastကို Supportပေးလာဖွယ် ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *