အီးမေလ်နဲ့ လူမှုကွန်ရက်၀က်ဘ်ဆိုက်တွေကို ဟိုဟိုဒီဒီ မွေှနှောက် ကြည့်ရှုအပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့ ကြောင်အမ်းအမ်း ဖြစ်နေသူတွေ၊ အင်တာနက်သုံးရာကမထလည်းမထချင် ချက်တင်မှာ ပြောစရာလည်းမရှိလို့ ယောင်တောင်တောင် ဖြစ်နေတဲ့သူတွေအတွက် အပျင်းပြေစေနိုင်မှာ ဖြစ်သလို ဗဟုသုတရှာမှီးလိုသူတွေအတွက် အကျိုး လည်း ရှိစေမယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်လမ်းအကျဉ်းနဲ့ ပြည်တွင်း ပြည်ပအနုပညာသတင်း၊ ဓာတ်ပုံမှတ်တမ်း၊ အားကစားရေးရာ၊ ကျန်းမာရေးနဲ့ အလှအပ၊ ချယ်ရီအက်ဖ်အမ်၊ ဈေးကွက်ပေါက်ဈေး၊ ချက်တင်၊ လုပ်ငန်းလမ်းညွှန်၊ သင်ကြားမှုအပိုင်း၊ ဂိမ်း၊ အလုပ်အကိုင်၊ အဘိဓာန်၊ ဗေဒင်ဟောစာတမ်း၊ ကာတွန်းဟာသ၊ မိုးလေ၀သအခြေအနေ၊ အိုင်တီ၊ ဒေါင်းလုပ်နဲ့ အီးဘုတ်ကဏ္႑တွေ ထည့်သွင်းပေးထားပါတယ်။