Archive, News

Vehicle Tracking and Insurance

အာမခံလုပ်ငန်းနှင့်မော်တော်ယာဉ် ဆိုင်ရာခြေရာခံစနစ်များကမ္ဘာတစ်လွှားမှာ မော်တော်ယာဉ်ခြေရာခံနစ်တွေက စီးပွားရေးလုပ်ငန်းကြီးတွေကစလို့ ပုဂ္ဂလိကကားအသုံးပြုသူတွေအထိ ထိုးဖောက်နေရာယူလာပြီဖြစ်ပါတယ်။ ဒီစနစ်တွေက အဝေးရောက်မော်တော်ယာဉ်တစ်စီးရဲ့ မောင်းနှင်လည်ပတ်နေပုံကို ဘယ်နေရာကမဆို စောင့်ကြည့်နိုင်ရုံသာမက ပြင်ပကမ္ဘာမှာ ယာဉ်ရောက်ရှိနေတဲ့ တည်နေရာကိုလည်း မြေပုံပေါ်ကတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်လို့ရစေတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မော်တော်ယာဉ်ခြေရာခံစနစ်ကို အခြေပြုထားတဲ့ကားအာမခံလုပ်ငန်းတွေတောင် ရှိနေပြီဖြစ်ပြီး ပုံမှန်အာမခံလုပ်ငန်းတွေမှာလည်း ဒီစနစ်ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ကားအာမခံလုပ်ငန်းတွေက ဘာကြောင့်မော်တော်ယာဉ်ခြေရာခံစနစ်တွေကိုသုံးလာရတာလဲ? ဒီအတွက်မော်တော်ယာဉ်ခြေရာခံစနစ်တွေက အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေအပေါ်  ဘယ်လိုအကျိုးပြုနိုင်တယ် ဆိုတဲ့အကြောင်း တွေကို ရှာဖွေစုစည်းပြီး Motors.com.mm ရဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ စာဖတ်သူသိပြီးတဲ့အတိုင်း မော်တော်ယာဉ်ခြေရာခံစနစ်တွေက ကားရဲ့လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းမှုတို့ အတွက် အတိုင်းအတာတစ်ခုအထိ အကျိုးပြုပေးနိုင်တယ်။ ကားမှာတပ်ဆင်ထားတဲ့ ခြေရာခံစနစ်အပေါ် မူတည်ပြီး –

1. ကားရဲ့တည်နေရာအပြင် အတွင်းခန်း၊ အပြင်ဖက် စတဲ့နေရာတွေအထိ ကင်မရာကတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်တယ်။
2. သတ်မှတ်ထားတဲ့ Geo-fencing (နယ်နမိတ်မျဉ်းသတ်မှတ်ထားခြင်း) ကို ကားကကျာ်သွားရင် အချက်ပြပေးနိုင်တယ်။
3. ကားမှာမောင်းခွင့်ပြုမယ့် အမြင့်ဆုံးအမြန်နှုန်းကို သတ်မှတ်ပေးတာ၊ စောင့်ကြည့်တာတွေ လုပ်နိုင်တယ်။
4. အကြောင်းတစ်စုံတစ်ရာကြောင့် ကားအခိုးခံရရင် အဝေးကနေအင်ဂျင်စက် သတ်လို့လည်းရပါတယ်။
5. အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်တာကြောင့် မောင်းနှင်နေတဲ့လမ်းပေါ်မှာ အန္တရာယ်တစ်စုံတစ်ရာရှိနေရင် ယာဉ်မောင်းသူကို ကြိုတင်အကြောင်းကြားတာမျိုးတွေလုပ်နိုင်တယ်။

အာမခံလုပ်ငန်းအများစုကဖော်ပြခဲ့တဲ့ အချက်တွေနဲ့ဆက်စပ်တဲ့ မတော်တဆမှု၊ ဆုံးရှုံးထိခိုက်မှုတွေအပေါ်  အာမခံပေးတာကြောင့် ယာဉ်ခြေရာခံစနစ်တွေကို တွင်တွင်ကျယ်ကျယ် သုံးလာတာဖြစ်တယ်။ ဥပမာ – အာမခံထားထားတဲ့ ငွေပို့ကားတစ်စီးကိုဆိုပါစို့၊ ရန်ကုန်ကနေပဲခူးအထိ ငွေပို့ရမယ့်ခရီးစဉ်နဲ့ပတ်သက်လို့ လမ်းမှာ ကားရပ်/မရပ် သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွား/မသွား ဆိုတာကိုစာင့်ကြည့်နိုင်တယ်။ သတ်မှတ်ထားတဲ့ နယ်နမိတ်မျဉ်း (Geo-fence) ကနေကျာ်သွားရင်စောင့်ကြည့်နေသူဆီမှာ အချက်ပြမှာဖြစ်သလို လမ်းမှာကားရပ်ပြီး ငွေခန်းတံခါးဖွင့်တယ်ဆိုရင် အတွင်းခန်းမှာ တပ်ဆင်ထားတဲ့ကင်မရာက တံခါးဖွင့်သူရဲ့ ပုံရိပ်ကို မှတ်တမ်းယူထားပါလိမ့်မယ်။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့နေရာ (ပဲခူး) မရောက်ခင်ငွေခန်းတံခါး မဖွင့်နိုင်အောင် စီမံထားလို့လည်းရပါတယ်။ ယာဉ်ခြေရာခံစနစ်ရဲ့ အကျိုးပြုမှုတွေက ဒီလောက်တင်မကဘဲ အိမ်သုံးကားတွေ၊ တခြားလုပ်ငန်းသုံးယာဉ်တွေအတွက်လည်း အသုံးချလို့ရတာတွေ ရှိတယ်။ မော်တော်ယာဉ်ခြေရာခံစနစ်တွေက မတော်တဆမှုတွေဖြစ်လာတဲ့အခါ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ အထောက်အထားတွေကို မှတ်တမ်းယူပေးထားနိုင်တဲ့ အချက်ကလည်း အာမခံလုပ်ငန်းတွေအတွက် အကျိုးရှိစေပါတယ်။ ဆိုခဲ့တဲ့အချက်တွေကို စုစည်းလိုက်မယ်ဆိုရင် အာမခံလုပ်ငန်းဖြစ်စေ၊ အာမခံထားသူအတွက်ဖြစ်စေ နှစ်ဦးနှစ်ဖက်ငွေကုန်ကြေးကျ သက်သာစေသလို အန္တရာယ်ကင်းရှင်းမှုပိုရှိတာကိုတွေ့ရပါလိမ့်မယ်။ ပြည်တွင်းဈေးကွက်ထဲမှာ တခြားနိုင်ငံတွေက ထုတ်ထားတဲ့မာ်တော်ယာဉ်ခြေရာခံစနစ်တွေကို တွေ့ရမှာဖြစ်သလို Myanmar Tracker လိုပြည်တွင်းဈေးကွက်အတွက် သီးခြားဖန်တီးပေးထားတဲ့ မော်တော်ယာဉ်ခြေရာခံစနစ်တွေလည်းရှိပါတယ်။ Myanmar Tracker အကြာင်းကို myanmartracker.com မှာ ဝင်ရောက်လေ့လာနိုင်ပြီး စာဖတ်သူအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် စီးပွားရေးလုပ်ငန်းသုံး ယာဉ်တွေအတွက်ပဲဖြစ်ဖြစ်၊ အိမ်သုံးယာဉ်တွေအတွက်ပဲဖြစ်ဖြစ် ခြေရာခံစနစ်တွေတပ်ဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *