Archive, News

Chevrolet Cruze 2017

Chevrolet All-New Cruze 2017 PreviewCruze 2017 ရဲ့ သက်ဝင်လှပတဲ့ အသွင်အပြင်က ဒီဇိုင်နာတွေရဲ့  ဉာဏ်ကွန့်မြူးမှုနဲ့ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချနိုင်စေဖို့ Wind Tunnel အတွင်းစမ်းသပ်ချက်ရလာဒ်တို့ ပေါင်းစပ်ရာကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ထွက်ခဲ့သမျှ Cruze စီးရီးတွေနဲ့ အမျိုးတူကားတွေထဲမှာ အကျော့ရှင်းဆုံးဒီဇိုင်းလို့ဆိုနိုင်ပြီး လခွင်းအားက 0.28 Cd ပဲ ရှိတာကြာင့် ဆီစားနှုန်းအတွက် အကောင်းဆုံး အကျိုးပြုပေးပါလိမ့်မယ်။ လကာမှန်နဲ့ အနောက်ခန်းမှတ်တို့ကို Sport ဆန်ဆန်စောင်းငဲ့ပေးထားပြီး စွမ်းပကားပြည့်ဝတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်စေဖို့ ကိုယ်ထည်ကို ဒီဇိုင်းဖန်တီးထားပါတယ်။ကျော့ရှင်းမှုကို အားဖြည့်ပေးနိုင်စေဖို့ ဘောနပ်ဖုံးနဲ့ ကိုယ်ထည်တစ်လျှောက်မှာ လိုင်းတွေကိုအလွှာအထပ်ထပ် ပုံစံအသွင် ထည့်သွင်းပေးထားပါတယ်။ ရှေ့မီးခွက်ကြီးတွေက ဘီးကာ (Fender) တွေဆီဆန့်ထွက်သွားပြီး Dual-port Grille ကို အနုစိတ် ခြယ်မှုန်းဖန်တီး ပေးထားတယ်။ Cruze 2017 ကို ပိုမိုတောင့်တင်းခိုင်မာပြီး ပေါ့ပါးမှုရှိစေဖို့ တည်ဆောက်ထားတာကြောင့် ထိန်းကျောင်းမောင်းနှင်ရာမှာ သွက်လက်မှုရှိပြီး အန္တရာယ်ကင်းရှင်းမှုနဲ့ လောင်စာဆီ ချွေတာမှုတို့အတွက်လည်း အကျိုးရှိသွားစေတယ်။ ကိုယ်ထည်အချိုးအစားက အရင်မော်ဒယ်လ်တွေထက် ကိုယ်ထည်အလျား 25mm ပိုရှည်ပြီး 10mm ပိုနိမ့်ပါတယ်။ ဝင်ရိုးတန်းစ်ခုကြား (Wheelbase) အကွာအဝေး 2,700mm ရှိပြီး ဆိုင်းထိန်းစနစ်တွေမှာ အလူမီနီယံသတ္ထုကို ထည့်သွင်းအသုံးပြုလို့ အလေးချိန်နဲ့ ကိုင်တွယ်မောင်းနှင်မှုကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားတယ်။

ကိုယ်ထည်တည်ဆောက်မှုမှာ ပါဝင်တဲ့တခြား Featureတွေက သက်တောင့်သက်သာ မောင်းနှင်နိုင်စေဖို့စနစ်တကျ ဒီဇိုင်းချဖန်တီးထားတဲ့ MacPherson Strut အမျိုးအစား အရှေ့ဖက်ဆိုင်းထိန်းစနစ်၊ အီလက်ထရောနစ် ပါဝါ စတီရာယင်စနစ်နဲ့ Traction Control, Rollover Mitigation နဲ့ Anti-lock Brake လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ StabiliTrak ESC စနစ်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီးလေးခုစလုံးမှာ Disc Brake တွေ တပ်ဆင်ပေးထားတယ်။ Cruze 2017 မှာ GM ရဲ့ မျိုးဆက်သစ် ဓာတ်ဆီအင်ဂျင်ငယ်တွေအပေါ် အခြေခံတည်ဆောက်ထားတဲ့ 1.4LTurbocharged အင်ဂျင်ကို အော်တိုဂီယာခြောက်ချက်နစ်နဲ့ တွဲဖက်တပ်ဆင်ပေးထားတယ်။ အင်ဂျင်ရဲ့ Cylinder Block နဲ့ Head တွေကို အလူမီနီယံနဲ့ တည်ဆောက်ထားတာကြောင့် အလေးချိန်ပေါ့ပါးမှုအတွက် အကျိုးရှိသွားစေတယ်။ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေဖို့ ပွတ်တိုက်အားနည်းပါးတဲ့ Piston Ring တွေ၊ Camshaft Drive တွေနဲ့ Oil Pump တွေကိုသုံးထားပါတယ်။ အင်ဂျင်စွမ်းဆောင်ရည်က 153hp ရှိပြီး ဒီကားမော်ဒယ်သစ်က ပိုမိုပေါ့ပါးမှုရှိတာကြောင့် မျိုးဆက်ဟောင်း Cruze တွေမှာပါတဲ့ 1.4Lအင်ဂျင်တွေထက် ပိုမိုစွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Cruze အသစ်က အမျိုးအစားတူ ပြိုင်ဖက်တွေထက် အရှိန်မြှင့်ယူရာမှာ၊ ဆီစားနှုန်းသက်သာရာမှာ ပိုမိုသာလွန်မှုရှိတယ်လို့ဆိုထားတယ်။ အတွင်းခန်းမှာလည်း ယာဉ်မောင်းနဲ့ခရီးသည်တွေ သက်တောင့်သက်သာ မောင်းနှင်စီးနင်း နိုင်စေဖို့ ရှေ့ခန်းနောက်ခန်း နှစ်ခုစလုံးကို ကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးထားတယ်။

ဒက်ရှ်ဘုတ်ပေါ်က Instrument Cluster ကိုခေတ်မီ ဆန်းသစ်တဲ့အသွင်နဲ့ ဖန်တီးပေးထားပြီး Instrument Cluster ရဲ့လိုင်းတွေက ရှေ့တံခါးနှစ်ချပ်နဲ့ ပြေပြေပြစ်ပြစ် ပေါင်းစပ်သွားတယ်။ ဒက်ရှ်ဘုတ်ရဲ့အသွင်က အပြင်ပန်းဒီဇိုင်း နည်းတူ တောင့်တင်းခိုင်မာမှုရသကို ခံစားရစေပြီး Chevrolet ရဲ့ ထင်ကရ MyLinkInfotainment စနစ်အတွက် အလယ်မှာစခရင်မ်တစ်ခု ထည့်သွင်းပေးထားတယ်။ MyLink စနစ်က Apple CarPlay နဲ့ အဆင်ပြေပြေ တွဲဖက်နိုင်ပြီး Cruze ရဲ့ ခုနစ်လက်မအရွယ် တို့ထိစခရင်မ်ကတစ်ဆင့် ဖျော်ဖြေရေး၊ ဂြိုဟ်တုလမ်းပြစနစ် စတာတွေကိုအလွယ်တကူ ထိန်းချုပ်လို့ရစေတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကိုယ်ထည်မှာ တောင့်တင်းမှုအား ကောင်းတဲ့စတီးလ် (သံမဏိ) ကို အသုံးပြုထားပြီး မတော်တဆဖြစ်တဲ့အခါ ခရီးသည်တွေကို ကာကွယ်နိုင်စေအောင် တည်ဆောက်ထားပါတယ်။ အရှေ့ဖက်ထိုင်ခုံမှာ ထိုင်နေသူတွေကို အာရုံခံပေးနိုင်တဲ့စနစ်ပါဝင်ပြီး 3-pointSafety Belt တွေလည်း ထည့်သွင်းပေးထားတယ်။ ဒီခါးပတ်တွေက လိုအပ်ချိန်မှာ အလိုအလျောက်တင်းသွားပြီး စီးနင်းသူကိုထိခိုက်မှု နည်းပါးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တာယာလေဖိအားကို စောင့် ကြည့်ပေးနိုင်တဲ့စနစ်နဲ့ ရှေ့မီးတွေကို အလိုလျောက် ဖွင့်/ပိတ် အလုပ်လုပ်စေတဲ့ စနစ်တွေလည်းပါဝင်တယ်။ Cruze 2017 မော်ဒယ်လ်သစ်ကို မိတ်ဆက်ပြီးချိန်မှာ LT ဂရိတ်တစ်မျိုးတည်းကိုပဲ ရနိုင်ဦးမယ်လို့ဆိုထားပါတယ်။ Chevrolet Myanmar အနေနဲ့ Chevrolet Cruze 2017 ကို ကန်ဒေါ်လာ 36,000 (ငွေလဲလှယ်နှုန်း 1USD = 1365MMK နဲ့ တွက်ချက်ရင် မြန်မာငွေ 492 သိန်း) နဲ့ရာင်းချပေးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *