How-to

Apple, Adobeနဲ့ တစ်ခြား ဆော့ဝဲတွေ အလိုလို Updateလုပ်ခြင်းကို တားဆီးပေးမယ့် Update Freezer

Programsတွေမှာ Automatic Updateပါရှိတာဟာ အဆင်ပြေလှပါတယ်။ အဲဒီအတွက် Update တွေကို ကိုယ်တိုင် Check လုပ်စရာ၊ ဒေါင်းလုပ် လုပ်စရာ မလိုတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။ ဒါပေမယ့် ကွန်နက်ရှင် မကောင်းတဲ့သူတွေ အတွက်တော့ အလိုလို Update လုပ်နေတာဟာ တစ်ခါတစ်လေ စိတ်ပျက်စရာ ကောင်းပါတယ်။သင့် Systemမှာ မရှိမဖြစ် အသုံးပြုကြတဲ့ Programs တွေထဲမှာ Apple, Adobe Acrobat and Flash, Firefox, Skype စတာတွေ ပါရှိမှာပါ။ အဲဒီ Programsတွေ အလိုလို Update မလုပ်အောင် Programs တစ်ခုချင်းစီရဲ့ Optionsမှာ ပြင်လို့ရပေမယ့် အလုပ်ရှုပ်လှပါတယ်။ အဲလို အခြေအနေမျိုးမှာဆိုရင် Freeware တစ်ခုဖြစ်တဲ့ Update Freezerကို အသုံးပြုနိုင်ပါတယ်။ Update Freezerက Portable Version လည်းရှိပြီး လွယ်လွယ်ကူကူ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။

Update Freezerက Adobe Acrobat & Reader, Apple, Adobe Flash, Firefox, Google, Java, Skype and Windowsစတဲ့ Programsတွေကို Supportပေးပြီး အလွယ်တကူပဲ Update လုပ်တာကို Disable,Enable ပြုလုပ်နိုင်ပါတယ်။ Apple Productsတွေအတွက် Monthly, Weekly, Daily စသဖြင့် Schedule လုပ်နိုင်ပါတယ်။ အားလုံးကို Disableလုပ်ဖို့ Disable Allကို နှိပ်နိုင်သလို မူလ Settingကို ပြန်ပြီး Restoreလုပ်နိုင်ပါတယ်။

Download Update Freezer

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *