Delta နဲ့ Jetblue လေကြောင်းလိုင်းတွေ မှာ လေယာဉ်ပျံသန်းနေစဥ် Electronics ပစ္စည်းတွေ အသုံးပြုခွင့်ကို အမေရိကန် လေကြောင်းဦးစီးဌာန မှခွင့်ပြုလိုက်ပြီး မကြာမီမှာပဲ နောက်ထပ် လေကြောင်းလိုင်းတွေကိုလည်း ထပ်မံခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အမေရိကန် လေကြောင်းဦးစီးဌာနက သူတို့လေကြောင်းလိုင်းဟာ စည်းကမ်းအသစ်တွေနဲ့ ကိုက်ညီမှုရှိတယ်လို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း American Airlines က ပြောဆိုပါတယ်။ United လေကြောင်းလိုင်းက သူတို့လည်း ခွင့်ပြုချက်ရရှိပြီလို့ပြောဆိုပါတယ်။ Laptop လို ကြီးကြီးမားမား ပစ္စည်းတွေကိုတော့ အသုံးပြုခွင့်ပေးမှာမဟုတ်ပါဘူး။ Phones , Tablets, E-readers , Games စတဲ့ သေးငယ်တဲ့ ပစ္စည်းတွေကိုပဲအသုံးပြုခွင့်ပေးမှာဖြစ်ပါတယ်။ Voice Calls တွေကိုအသုံးပြုခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
United နဲ့ American လေကြောင်းလိုင်းတွေမှာ လေယာဉ်ပျံသန်းနေစဉ် Electronics ပစ္စည်းတွေအသုံးပြုလို့ရပြီ

07
Nov