News

အရှေ့တောင်အာရှ စာပေဖန်တီးမှုဆု မောင်စိန်၀င်း (ပုတီးကုန်း) ရရှိ

အရေးအသား နူးညံ့ ထက်မြက်ထူးချွန် သောအာဆီယံ ၁၀နိုင်ငံ မှစာရေးဆရာ များကို ထိုင်းနိုင်ငံ မှနှစ်စဉ် ပေးအပ်သော အရှေ့တောင်အာရှ အကောင်းဆုံး စာပေဖန်တီး မှုဆုကို ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံက စာရေးဆရာ ၊ ကဗျာဆရာမောင် စိန်၀င်း (ပုတီးကုန်း) အား အောက်တိုဘာ ၁၄ရက်နေ့က ပေးအပ် ခဲ့ကြောင်း ထိုင်းမီဒီယာ များတွင် ဖေါ်ပြထားသည် ဟုသိရသည်။

ယင်းဆုသည် မိမိဘ၀ တွင်ပထမဆုံး အကြိမ်အဖြစ် စာပေနှင့် ပတ်သက်၍ ရရှိသောဆု ဖြစ်ကြောင်း ၊ မိမိ၏ ကဗျာများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ ကြိုက်နှစ်သက် ပြီးနိုင်ငံတကာ အဆင့်အထိ ပျံနှံ့အောင်လုပ်ဆောင် ခွင့်ရသဖြင့် အလွန်၀မ်းမြောက်ကြောင်း မောင်စိန်၀င်း (ပုတီးကုန်း) က ပြောကြားသည်။

အဆိုပါဆုကို ၀တ္တုတို၊ ၀တ္တုရှည်၊ ကဗျာရေးသားသူ များကို နှစ်စဉ်ပေးအပ်ခြင်း ဖြစ်ရာယခုနှစ်သည် ကဗျာဆရာများ အတွက် ဖြစ်၍ ပွဲဖြစ်မြောက်ရေး ကော်မတီက မြန်မာနိုင်ငံ စာရေးဆရာအသင်းအား ကဗျာဆရာ တစ်ဦးစေလွှတ် ပေးရန်အကြောင်းကြား ခဲ့ကြောင်း ၊ ထိုကြောင့်အဆိုပါ အဖွဲ့၏ သတ်မှတ်ချက် သုံးချက်ဖြစ် သောမြန်မာနိုင်ငံ ၏လူကြိုက်များသော ကဗျာဆရာဖြစ်ခြင်း သုံးနှစ်အတွင်း အောင်မြင်သောကဗျာစာအုပ်ထုတ်ဝေဖူးသူဖြစ်ခြင်း၊ ယင်းကဗျာများကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားခြင်း ဟူသည့်အချက်နှင့် ကိုက်ညီသူ သုံးဦးကို ရွေးချယ်ကာ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

အရှေ့တောင်အာရှ အကောင်းဆုံး စာပေဖန်တီးမှုဆုကို၁၉၇၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှ ၁၉၈၈ ခုနှစ်က ဆင်ဖြူကျွန်း အောင်သိန်း ၊ ၁၉၉၉ ခုနှစ်က ဆရာကျော်အောင်၊ ၂၀၀၀ပြည့်နှစ် ကဆရာမကြီး စောမုံညင်း၊ ၂၀၀၁တွင် ဆရာတက္ကသိုလ် ထင်ကြီးတို့က ရရှိခဲ့ပြီး ဆရာမောင်စိန်၀င်း( ပုတီးကုန်း) မှာ၂၀၀၁ခုနှစ် နောက်ပိုင်း ငါးယောက်မြောက်ရရှိသူ ဖြ်သည်။ အရှေ့တောင်အာရှ အကောင်းဆုံး စာပေ ဖန်တီးမှုဆု အတွက် ထိုင်းဘတ်ငွေ ခုနှစ်သောင်း ၊ ဂုဏ်ပြုလွှာနှင့် ကျွန်းသားတံဆိပ် တို့အား ထိုင်းဘုရင်သမီးတော် ကပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မောင်စိန်၀င်း (ပုတီးကုန်း)၏ ငှက်တို့၏ တေးကဗျာ အောက်တိုဘာလ ၁၅ ရက်နေ့က The Nation သတင်းစာ တွင် ဖေါ်ပြ ခဲ့သည် ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *