News

မြန်မာနိုင်ငံ၏ ပထမဆုံး Google DevFest 2015

Google ရဲ့ နည်းပညာတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ရပ်ဖြစ်တဲ့ Google DevFest 2015 ကို ဗဟန်းမြို့နယ်မှာရှိတဲ့ University of Information Technology (UIT) မှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမယ်လို့သိရပါတယ်။

ပွဲအတွင်း အိုင်တီနယ်ပယ်အတွင်းက ပညာရှင်များက ဟောပြောသွားမယ်လို့ သိရပါတယ်။ Google DevFest 2015 ကို Google Developer Group (GDG) က ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ပွဲအတွင်း coding လက်တွေ့စမ်းသပ်မှုတွေပြုလုပ်နိုင်ဖို့အတွက် Web နဲ့ Android Lab ဆိုပြီး ထားရှိပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google DevFest 2015 ကို အခမဲ့တက်ရောက်နိုင်မှာဖြစ်ပေမယ့်လည်း Register တော့ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ Register ပြုလုပ်ချင်တယ် ဆိုရင်တော့ http://devfest.gdgyangon.org/ မှာ ပြုလုပ်သွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *