Archive, News

TTAS (Toyota Aye and Sons) Company Sale For School Bus

မြန်မာနိုင်ငံမှ သက်တမ်းအရှည်ဆုံး ကုမ္ပဏီဖြစ်သည့် TTAS (Toyota Aye and Sons) ကုမ္ပဏီမှ School Bus စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသည့်မော်တော်ယာဉ်များကို အရစ်ကျစနစ်ဖြင့် ရာင်းချသွားမည်။ School Bus စနစ်ဖြင့်ပြေးဆွဲမည့်ယာဉ်များအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အချက် (၁၂) ခု ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် မော်တော်ယာဉ်များကို  TTAS (Toyota Aye and Sons) မှ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်စီစဉ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြထားကြာင်း ယင်းကုမ္ပဏီမှသိရသည်။ “နောက်နှစ်တွေမှာ ပညာရေးမူဝါဒအရ သက်ဆိုင်ရာမြို့တွေမှာပဲ ကျောင်းအပ် ကြရမှာဖြစ်တဲ့အတွက် ကျောင်းသားတွေက လမ်းလျှောက်တာမျိုး၊ ဒါမှမဟုတ် လမ်းကြားတွေထဲအထိ သွားကြိုရမှာတွေ ရှိလာမှာဖြစ်တာကြောင့် ကားအကြီးတွေနဲ့ အဆင်မပြေနိုင်ဘူးလို့ ကျောင်းဖယ်ရီမောင်းသူတွေဆီက သိရပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီမှာ School Bus အတွက်ချမှတ်ထားတဲ့ အချက် (၁၂) ချက်နဲ့ ကိုက်ညီတဲ့ပြီး လမ်းကြားထဲအထိ ဝင်လို့ရတဲ့ ကားတွ ရှိပါတယ်။ ဒီကိစ္စကိုသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဆီ တင်ပြထားတယ်” ဟု TTA ကုမ္ပဏီမှ တာဝန်ရှိသူအထွေထွေမန်နေဂျာ ဦးမျိုးအေးဇော်က ဆိုသည်။ School Bus စနစ်သစ်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသော (ကျောင်းသားကျောင်းသူ ၁၆ယောက်အထိ စီးနင်းနိုင်သည့်) Hiace ကားများကို ကန်ဒေါ်လာ သုံးသောင်းသုံးထောင်ဝန်း ကျင်ဖြင့်ရာင်းချပေးမည်ဖြစ်ပြီး အရစ်ကျရောင်းချမှုများအတွက်ဘဏ်များနှင့် ချိတ်ဆက်ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။ အရစ်ကျစနစ်အတွက် ကနဦး ၃၀% ပးသွင်းရမည်ဖြစ်ပြီး ငါးနှစ်အရစ်ကျအထိ ရာင်းချပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *