Archive, News

British Council IELTS Dream Big Fund

အထူးလိုအပ်ချက်ရှိသည့် မသန်စွမ်း စာမေးပွဲဖြေဆိုသူများ၏ အနာဂတ်ပညာဆည်းပူးလေ့လာခြင်း အိပ်မက်များကို အသိအမှတ်ပြုကူညီနိုင်ရန် ဗြိတိသျှကောင်စီက IELTS ရန်ပုံငွေ (Dream Big Fund) ကို စတင်လိုက်ပါသည်။ အရှေ့အာရှရှိ အထူးလိုအပ်ချက်ရှိသည့် မသန်စွမ်း IELTS စာမေးပွဲဖြေဆိုသူ ၁၂ ဦးသည် စုစုပေါင်း စတာလင်ပေါင် ၆ဝ,ဝဝဝ ခန့်ရရှိပါမည်။ (မြန်မာ)–ဗြိတိသျှကောင်စီသည် အထူးလိုအပ်ချက်ရှိသည့် မသန်စွမ်း စာမေးပွဲ ဖြေဆိုသူများအား ကူညီပံ့ပိုးပေးရန်အလို့ငှာ ဒစ်ဂျစ်တယ်ဖြင့် စည်းရုံးလှုံ့ဆော်မှု ကမ်ပိန်း (digital campaign) ကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင်စတင်ခဲ့ပါသည်။ အဆိုပါ ကမ်ပိန်းက ကမ္ဘာတစ်ဝှမ်းမှ IELTS စာမေးပွဲ ဖြေဆိုပြီး သူများအား ဖိတ်ကြားပြီး နိုင်ငံရပ်ခြားတွင်လေ့လာသင်ယူမှု၊ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာတိုးတက်မှုနှင့် ကမ္ဘာ့နိုင်ငံသားတစ်ဦး ဘဝအတွေ့အကြုံကို ရရှိစေခြင်းဖြင့် IELTS က ၎င်းတို့၏ဘဝများ အပေါ်ပြောင်းလဲပေးခဲ့ပုံကို မျှဝေစေခဲ့ပါသည်။ IELTS စာမေးပွဲ ဖြေဆိုပြီးသူများ၏ အပြုသဘောဆောင်သော တုန့်ပြန်မှုထောင်ပေါင်းများစွာကို ရရှိခဲ့ပြီးနောက်ဗြိတိသျှကောင်စီက IELTS Dream Big Fund စတင်မှုကိုကြညာခဲ့ပါသည်။ အဆိုပါရန်ပုံငွေကို နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုသည့် အထူးလိုအပ်ချက် ရှိသူများအတွက် ပညာသင်ထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ စုစုပေါင်း စတာလင်ပေါင် ၆ဝ,ဝဝဝ ရှိသည့် IELTS Dream Big Fund သည်အရှေ့အာရှ ဒေသမှ အထူးလိုအပ်ချက်ရှိသူ မသန်စွမ်းကျာင်းသား ၁၂ ဦးကို ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်တက်ရောက်ရန် (သို့) ဘွဲ့လွန်တက်ရောက်နိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ လျှောက်ထားရန်အလို့ငှာ ဗြိတိသျှကောင်စီတွင် IELTS ဖြေဆိုထား ရမည်ဖြစ်ပြီး ရမှတ်ဖြင့် အဆင့်မြင့်ပညာကျောင်းတစ်ကျောင်း၏ လေ့လာမှုအစီအစဉ် တစ်ခုတွင်လျှာက်ထားရပါမည်။လျှာက်ထားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တစ်ဦးချင်း၏ ပုဂ္ဂလိကဖော်ပြချက် (personal statement) ကို တင်ပြရန်လိုအပ်ပြီး အဆိုပါတင်ပြချက်များအပေါ်စိစစ်သုံးသပ်ကာ ဝင်ခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ပါသည်။

“တန်းတူညီမျှမှု (equality) ၊ အမျိုးအမည်ကွဲပြားစုံလင်မှု (diversity) နဲ့ အားလုံးပါဝင်မှု(inclusion) ကဗြိတိသျှကာင်စီရဲ့ကော်ပိုရိတ် ယဉ်ကျေးမှု (corporate culture) ရဲ့အဓိကအနှစ်သာရဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ် ခုတုန်းက အရှေ့အာရှဒေသမှ အထူးလိုအပ်ချက်ရှိသူ ကျာင်းသား ၁၂ဝဝကျာ်က IELTS ဖြေဆိုပြီး သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ IELTS Dream Big Fund နဲ့အတူ ကျွန်တော်တို့အနေနဲ့ မသန်စွမ်း ကျောင်းသားတွေကို သူတို့ရဲ့သင်ယူမှု အိပ်မက်တွေ အကောင်အထည်ပေါ်လာစေဖို့ ပံ့ပိုးကူညီ အားပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီလိုကူညီပေးမှုက သူတို့ရဲ့ဘဝအတွက် အပြောင်းအလဲဖြစ်စေမယ့် အခွင့်လမ်း ကောင်းတွေကို ယူဆောင်ပေးမယ် လို့မျှာ်လင့်ပါတယ်ဟု မစ္စတာ Steve Adams (Director Examinations ၊ East Asia) က ရှင်းပြပါသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် IELTS စာမေးပွဲဖြေဆိုသူ ၃ သန်း ရှိခဲ့ပါသည်။ ဗြိတိသျှကောင်စီတွင် အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ စကားပြောဆိုရန်ခက်ခဲသူ၊ သွားလာရန်အခက်အခဲရှိသူ၊ စာရေးရန်အခက်အခဲရှိသူ၊ ကျောရိုး၊ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့် အထူးနေထိုင်မှုပုံစံ လိုအပ်သည့် အခြားသော မသန်စွမ်းများစသည့် အထူးလိုအပ်ချက်ရှိသည့် IELTS စာမေးပွဲဖြေဆိုသူများအတွက် လိုအပ်ချက်အလိုက် စာမေးပွဲစစ်ဆေး ပြင်ဆင်ပေးမှုကို လုပ်ဆောင်ပေးပါသည်။ ဗြိတိသျှကောင်စီသည် အရှေ့ အာရှ ဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် စာမေးပွဲစစ်ဆေးရေးစင်တာ ၂၇၄ ခုဖြင့် စာမေးပွဲဖြေဆိုသူများအား သက်တောင့်သက်သာ ရှိစေရန် ပံ့ပိုးပေးလျှက်ရှိပါသည်။

မကြာသေးမီကစာရင်းအင်းများအရ အထူးလိုအပ်ချက်ရှိသည့် စာမေးပွဲဖြေဆိုသူ ၁၂၇၆ ဦး အတွက်လိုအပ်ချက်အလိုက် IELTS စာမေးပွဲဝန်ဆောင်မှုများကိုပေးလျှက်ရှိပါသည်။ အဆိုပါစာရင်းအရ အမြင်အာရုံချို့တဲ့သူ ၁၆၅ ဦး၊ အကြားအာရုံချို့တဲ့သူ ၆၄ဝ ဦး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၉၇ ဦး နှင့်အခြားသော အထူးလိုအပ်ချက်ရှိသူ ၃၇၄ ဦးတို့ဖြစ်ပါသည်။ အဆိုပါ အထူးလိုအပ်ချက်ရှိသည့် စာမေးပွဲဖြေဆိုသူ အများစုသည် ယင်းတို့၏ ပညာရေး အိမ်မက်များကို အကောင်အထည် ဖော်လာနိုင်ကြပါသည်။ ၂၀၀၄ ခုနှစ် ParalympicsGames တွင် ပါဝင်ယှဉ်ပြိုင်သည့် မျက်မမြင်အားကစားသမား တစ်ဦးဖြစ်သူ Wu Jing သည် IELTS ရမှတ် ၇.၅ ရရှိပြီး ယခုအခါ Stockholm တွင် နေထိုင်ကာ ပလွေတူရိယာပညာရှင် အဖြစ်ဖြင့် မျက်မမြင်ဆွီဒင်လူငယ်များအဖွဲ့၏ ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း လုပ်ကိုင်လျှက်ရှိပါသည်။ နောက်ထပ်မျက်မမြင်တစ်ဦးမှာ Zheng Jianwei ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် IELTS စာမေးပွဲဖြေဆိုကာယူကေရှိတက္ကသိုလ်တစ်ခုတွင် TESOL (Teaching English to Speakers of Other Languages) နှင့်ပတ်သက်၍ လေ့လာဆည်းပူးခဲ့ပြီး တရုတ်နိုင်ငံ၏ ထူးချွန်မသန်စွမ်း ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါသည်။ IELTS Dream Big Fund အား http://dream-big.ieltsasia.org/en/ တွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များအား  Daphne Lui – Director, Exams Marketing, East Asia ဖုန်း +၈၅၂ ၂၉၁ ၃၅၅ ၉၇ သို့မဟုတ် [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *