News

တိုယိုတာရဲ့ နောက်ဆုံးပေါ် Touch Panel ကား

Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable Electronic Device တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေ ကြပါပြီ။ ဒါပေမဲ့ ထိတွေ့ပြောင်းလဲလို့ရတဲ့ Touch Panel ပါရှိတဲ့ကားရှိပါတယ်ဆိုရင်တော့ အံ့သြစရာ ဖြစ်ပါလိမ့်မယ်။

၂၀၁၁ခုနှစ် နို၀င်ဘာ၂၈ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပပြုလုပ်ခဲ့တဲ့ ၄၂ကြိမ်မြောက် တိုယိုတာကားပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ Touch Panelသုံး Fun Vii အမည်ရကားဟာ မော်တော်ကားနည်းပညာ လောကကို အံ့အားသင့်သွားစေ ပါတယ်။

ကားဘော်ဒီအတွင်းအပြင်တစ်ခုလုံးကို ထိတွေ့ပြီးအရောင်ပြောင်း၊ ပုံရိပ်ပြောင်းလဲယူနိုင်ပါတယ်။ ဒါမျိုးကို သိပ္ပံလွန်ဇာတ်ကားတွေမှာသာ တွေ့ဘူးတာဖြစ်ပါတယ်။ အခုတော့ Toyota ကဖန်တီးလိုက်ပါပြီ။ ကားဘော်ဒီကို ဆေးမှုတ်ဖို့ မလိုအပ်တော့ပါဘူး။

ကားကိုစမတ်ဖုန်း၊ Tablet စတာတွေနဲ့ချိတ်ဆက်နိုင်မယ် အင်တာနက်မှ Wallpaper , ရောင်စုံကာလာ ဒီဇိုင်းများကို Download ဆွဲပြီးကားရဲ့ အရောင်ကို ပြောင်းလဲယူလို့ရပါတယ်။ပြီးတော့ကားမှာ အသုံးပြု ထားတဲ့ software ကိုလည်း update လုပ်နိုင်ပြီး ယင်းTouch Panel အပေါ်ပေးစွမ်းမဲ့ ၀န်ဆောင်မှု အသစ်တွေကိုရရှိ ဦးမှာဖြစ်ပါတယ်။

လောလောဆယ်ဆယ်ကတော့ ကာလာ၊ဒီဇိုင်း မှာသာအလုပ်လုပ်ပါသေးတယ်။နောက်ဒီထက် အဆင့်မြင့် ပြီးထိတွေ့မောင်းနှင့်ရလောက် တဲ့အထိ အဆင်မြင့်မှာဖြစ်တယ်လို သိရပါတယ်။

လက်ရှိ Fun Vii ကားကိုဒီဇင်ဘာ ၃ရက်မှာစတင်ရောင်းချ မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကားရဲ့အခြားအစိတ် အပိုင်းတွေကတော့ ထုတ်လုပ်နေကျ တိုယိုတာကားများရဲ့ Function တွေအတိုင်းပဲဖြ်ပါတယ်။ဘော်ဒီအ တွင်းအပြင်ကတော့ နည်းပညာအလွှာကြီးတစ်ခုဖြစ်သွားတယ်ပေါ့။

အော် ဒီTouch Panel ကားကိုဈေးနှုန်းဘယ်လောက် နဲ့ရောင်းချမယ်ဆိုတာ ကိုတော့ကြေညာထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *