News

တစ်ပတ်အတွင်း ဖိလစ်ပိုင် ဂျာနယ်လစ် သုံးဦး အသတ်ခံရ

ဖိလစ်ပိုင်နိုင်ငံ မီဒီယာလောကတွင် လေးနှစ်နီးပါးအတွင်း ဂျာနယ်လစ်များအသတ်ခံရမှု ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ပြီး ဂျာနယ်လစ်သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ လူ့အခွင့်အရေးအဖွဲ့က သြဂုတ်လ ၂ရက်က ပြောကြားကြောင်း AFPတွင် ဖော်ပြထားသည်။

နောက်ဆုံးအသတ်ခံရသူသည် အလွတ်သတင်း ဓာတ်ပုံဆရာ မာရီယိုဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးရှေ့တွင်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ မနီလာမြို့တွင်လည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စာစောင်တစ်ခုမှ စာရေးဆရာနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း၊ ဖိလစ်ပိုင် အမျိုးသားဂျာနယ်လစ် အထွေထွေ အတွင်းရေးမှုး ရူပတ်မန်ဂီလစ်က ပြောသည်ဟု ဆိုသည်။

“ဂျာနယ်လစ်တွေ ဘယ်လောက်ပဲ လုံခြုံစိတ်ချရပြီပြောပြော ကျွန်တော်တို့ လူတွေ တစ်ပတ်ထဲမှာ သုံးဦး အသတ်ခံရတဲ့အတွက် သတိထားရပါမယ်”ဟု ရူပတ်မန်ဂီလစ်က ပြောကြားခဲ့သည်။ ၁၉၉၂ခုနှစ်ကတည်းက ဖိလစ်ပိုင် ဂျာနယ်လစ် ၇၃ဦးထက် မနည်း သေဆုံးခဲ့ရကြောင်း နယူးယောက် အခြေစိုက် ဂျာနယ်လစ် ကာကွယ်ရေး ကော်မတီမှ ပြောခဲ့သည်။

“ဒီအခြေအနေက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါပဲ”ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အကြီးအကဲ ကာလောကွန်ဒီကလည်း ပြောသည်ဟု သိရသည်။ ဂျာနယ်လစ်တွေဆိုတာကလည်း အမှန်ကို ရေးတဲ့သူတွေ ဖြစ်နေတော့ လူမုန်းများမှာ အမှန်ပါပဲ။ အမှန်တရားအတွက် အသက်စွန့်သွားတဲ့ သူတွေကိုတော့ ဂုဏ်ပြုရမှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *