Apple ရဲ့လက်ရှိ CEO ဖြစ်သူ Mr.Tim Cook က ကွယ်လွန်သွားပြီ ဖြစ်တဲ့ CEO စတိဗ်ဂျော့ အကြောင်းကို “မကွယ်လွန်ခင်ရက်အထိ သူဟာ အလုပ်ကိုပြတ်ပြတ်သားသား လုပ်ပြီး သူ့ပတ်၀န်းကျင် (ဆန့်ကျင်ဘက်) တွေကိုပါ သူ့ဘက်ပါလာအောင် စည်းရုံးနိုင်ခဲ့သူပါ” လို့ ဒီနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီအတွေးဟာ စတိဗ်ရဲ့ သူ့စိတ်သူ ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကို ဆိုထားတာပါ။ ဒါ့အပြင် စတိဗ်ဟာသူ့ရဲ့ အတွေးအခေါ်တွေကို ဆက်စပ်စဉ်းစားပြီး Apple အတွက် ပြောင်မြောက်ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော်လည်း CEO စတိဗ်ဂျော့ ကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်း Apple မှာ ဘာတွေဆက်ဖြစ်လဲ ဆိုတာကို ကျွန်တော်တို့ကြည့်လိုက်ရအောင်ဗျာ။
၁။ စတိဗ်ဂျော့ဟာ နေ့စဉ်ဘ၀ထဲက ပစ္စည်းတွေနဲ့ဆင်တူတဲ့ ပုံစံတွေကို ဖန်တီးရတာ တကယ်ပဲ နှစ်သက်သူတစ်ယောက်ပါ။ iOS ရဲ့ Game Center ထဲမှာရှိတဲ့ Fake Vegas Gaming Table ဟာလည်း သူကြိုက်ခဲ့တဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူကွယ်လွန်သွားပြီးတော့ Apple ဟာအဲဒါတွေ အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ Flatter-Look ပုံစံမျိုး ဖန်တီးပြီး လက်တွေ့ဘ၀ကို တုပထားတဲ့ Graphics တွေ၊ Animations တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။
၂။ ထောင့်စွန်းတွေ လုံး၀န်းနေတဲ့ ထောင့်မှန်စတုဂံမျိုးကိုလည်း စတိဗ်ဂျော့က နှစ်သက်ခဲ့ပါတယ်။ Apple မှာစတိဗ် စတင်လုပ်ကိုင်ခဲ့စဉ် အချိန်တုန်းက ဘာကြောင့် ဒီလိုထောင့်မှန်စတုဂံမျိုး ရွေးချယ်ရလဲဆိုတဲ့ မေးခွန်းမျိုး မေးခံခဲ့ရဖူး ပါတယ်။ အဲဒီမေးတဲ့လူကို စတိဗ်ကရွဲ့ပြီး နေ့စဉ်ဘ၀မှာ ထောင့်လုံး၀န်းနေတဲ့ ထောင့်မှန်စတုဂံတွေအများကြီး ရှိတယ်ဆိုတာကိုပြဖို့ Block တစ်ခုပေါ်မှာတောင် လမ်းလျှောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ခုချိန်မှာတော့ Apple ရဲ့iPhone Software အသစ်မှာ စတိဗ်မကြိုက်ခဲ့တဲ့ စက်၀ိုင်းပုံလေးတွေကို တွေ့နေရပြီပဲ ဖြစ်ပါတယ်။
၃။ စတိဗ်ဂျော့ဟာ Tablet အသေးတွေကို နှစ်သစ်လှသူ မဟုတ်ပါဘူး။ ဒါပေမယ့် Apple ကတော့ iPad Mini ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဂျော့က ၁၀လက်မထက် ငယ်တဲ့Tablet တွေဟာ Appတွေသုံးရ အဆင်မပြေစေမှာ ဖြစ်တဲ့အတွက် အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေရောင်းမယ့် လူသုံးများ Tablet တွေဟာ ဖန်လွှာမျက်နှာပြင်တစ်ခု ပါ၀င်သင့်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း Apple ဟာ iPad Mini ကို ပွဲထုတ်ဖြန့်ချိ လိုက်တဲ့အခါမှာတော့ မယုံနိုင်လောက်အောင် လူကြိုက်များခဲ့ပါတယ်။
၄။ စတိဗ်ဂျော့ရှိတုန်းက Appleဟာ ငွေကြေးပမာဏအများကြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ငွေကြေးရင်းနှီးထားသူတွေက အစုစပ်အကျိုးအမြတ်အတွက် တောင်းဆိုခဲ့ကြသော်လည်း ဂျော့ကတော့ မပေးခဲ့ပါဘူး။ သူကွယ်လွန်ပြီးနောက် Tim Cook ကတော့ အဆိုပါ ရှယ်ယာရှင်တွေကို အစုပေါ်အကျိုးအမြတ်တွေ အများကြီးရှင်းပေးခဲ့ပါတယ်။
၅။ Apple ရဲ့ Apple’s Mapဟာလည်း တကယ့်ကို အန္တာရယ်ရှိခဲ့ပြီး အဆိုပါ Productထွက်လာပြီးနောက် ဂျော့ဟာ MobileMe Team ကိုသွားပြီး သောင်းကျန်းခဲ့ပါတယ်။ စိတ်အလိုမကျလည်း ဖြစ်ခဲ့ပြီး အဲဒီ Mapရဲ့ Managerကို ရာထူးမှဖြုတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် Maps အတွက်အဓိက တာ၀န်ရှိသူလို့ ဆိုနိုင်တဲ့ Scott Forstall ကိုလည်း ပယ်ရှားခဲ့ပေမယ့် Tim Cook ကတော့ အဆိုပါ Mapsကို ဆက်လက်ကိုင်တွယ် သွားမယ်ဆိုတာ အတည်ပြုပြောကြားခဲ့ပါတယ်။
၆။ စတိဗ်ဂျော့ လူသိထင်ရှား အလှူလုပ်တယ်လို့ တစ်ခါမှ မကြားမိခဲ့ပါဘူး။ သူကွယ်လွန်ပြီးနောက်တော့ Tim Cook ဟာ Appleကို အလုပ်သမားတွေအား ထောက်ပံ့ကြေးတွေ ပေးအပ်ခြင်းဖြင့် နွေးထွေးတဲ့ ကုမ္ပဏီတစ်ခု အဖြစ်ဖန်တီးခဲ့ပါတယ်။
၇။ ပြီးတော့လည်း သူထုတ်ခဲ့တဲ့ Siriဟာ “Bad Product” ပါတဲ့။ စတိဗ်တစ်ယောက် အလိုမကျဖြစ်ခဲ့ရပါတယ်။ Siriဟာ ကောင်းကောင်းလည်း အလုပ်မလုပ်ပါဘူး။ “Extra Junk” သာဖြစ်တယ်လို့တောင် ပြောခံခဲ့ရပါတယ်။
၈။ Stebe Jobsဟာ ကြော်ငြာတွေနဲ့ ပတ်သက်ပြီးတော့ နားပါးသူ၊ ထူးချွန်သူ တစ်ယောက်ပါ။ Appleအတွက် ထူးဆန်းပြောင်မြောက်တဲ့၊ ဂန္တ၀င်တွင်တဲ့ ကြော်ငြာတွေကိုလည်း ဖန်တီးခဲ့ပါတယ်။ သူသေဆုံးတော့ Appleရဲ့ Marketing တောင်ရပ်ဆိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ Appleအတွက် ကြော်ငြာတွေကို ဖန်တီးခဲ့ပေမယ့် ကောင်းမွန်တဲ့ လက်ရာတွေတော့ မဖြစ်ခဲ့ပါဘူး။
၉။ နောက်တစ်ခုကတော့ Appleကို လူတွေနားလည်လက်ခံ ထားတဲ့ပုံစံဟာ တစ်ချိန်က သူတို့ရင်ထဲမှာ ရှိခဲ့တဲ့ Appleကိုတော့ မမီတော့ပါဘူးတဲ့။ လူတွေကတော့ Appleကို ချစ်ကြပါတယ်။ ဒါပေမယ့် Appleဟာ ကမ္ဘာ့အကောင်းဆုံး Brand တစ်ခုအဖြစ်တော့ မူပိုင်မရပ်တည်နိုင် တော့ပါဘူး။ လက်ရှိ CEO Tim Cook ဟာလည်း Apple နဲ့ပတ်သက်ပြီး သတင်းတွေကို ကောင်းကောင်းထိန်းကျောင်းဖို့ ပါရမီရှိတဲ့လူလည်း မဟုတ်ပါဘူး။ ဒါက Tim Cook ရဲ့ အပြစ်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ စတိဗ်ဂျော့လို Media တွေကို နားလည်ပြီး Apple နဲ့ပတ်သက်တဲ့ သတင်းတွေကို ထိန်းကျောင်းဖို့ ပါရမီရှင်မှ မဟုတ်တာပဲဗျာ။