News

လက်ရှိအစိုးရ၏ အမွေအဖြစ် သီလဝါ အထူးစီးပွားရေးဇုန်ကို အမှားအယွင်းမရှိ အကောင်အထည်ဖော်မည်

လက်ရှိနိုင်ငံတော် သမ္မတ ဦးသိန်းစိန် အစိုးရ၏ အမွေဖြစ်လာမည့် သီလဝါ အထူးစီးပွားရေးဇုန်ကို လုံး၀အမှားအယွင်း မရှိစေရန် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ယင်းအထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်သွားမည့် မြန်မာ့စီးပွားရေးအဖွဲ့မှ ဥက္ကဌအဖြစ် တာ၀န်ယူထားသူ UMFCCI ဥက္ကဌ ဦး၀င်းအောင်က ပြောကြားခဲ့သည်ဟု သိရသည်။

ဦး၀င်းအောင်သည် စက်တင်ဘာ ၁၀ရက်နှင့် ၁၁ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော Myanmar Global Investment Forumတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ “သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရာမှာ မြန်မာဘက်က ၅၁ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်က ၄၉ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး ပါ၀င်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာဘက်က ၅၁ရာခိုင်နှုန်းထဲမှာ အစိုးရဘက်ကလည်း ပါ၀င်မှာပါ။ အခုမြန်မာဘက်က အကောင်အထည်ဖော်မယ့် စီးပွားရေးအဖွဲ့မှာ အများပိုင် ကုမ္ပဏီကိုးခု ပါ၀င်ပါတယ်”ဟု ၄င်းက ရှင်းလင်းပြောကြားခဲ့သည်။

စီမံကိန်း အကောင်ထည်ဖော်မည့် မြန်မာ့စီးပွားရေး အဖွဲ့တွင် ကုမ္ပဏီကိုးခု ပါ၀င်မည်ဟု သဘောတူညီထားသော်လည်း ၄င်းကုမ္ပဏီများချည်း လုပ်ဆောင်ရမည်ဟု ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာမှာ ဟက်တာ ၂၄၀၀ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ပိုမိုနီးကပ်သည့်အတွက် အခြားစီးပွားရေး ဇုန်များထက် များစွာမြန်ဆန် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သီလဝါအထူး စီးပွားရေးဇုန် စီမံအုပ်ချူပ်မှု ကော်မတီ ဥက္ကဌ ဦးဆက်အောင်က ပြောကြားခဲ့သည်။

“သီလဝါက ရန်ကုန်နဲ့ မေ၀းသလို အခြားဆက်စပ် ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း စတင်နေပါပြီ။ ဒါ့ကြောင့် ထား၀ယ်စီးပွားရေးဇုန်ထက် အများကြီး မြန်မြန်ဆန်ဆန် ပြီးစီးမှာ ဖြစ်ပါတယ်”ဟု ဦးဆက်အောင် ပြောကြားခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၄ခုနှစ် အစပိုင်းတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် စီမံကိန်း သုံးခုကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၄င်းတို့မှာ သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ထား၀ယ် အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “လက်ရှိအစိုးရ၏ အမွေအဖြစ် သီလဝါ အထူးစီးပွားရေးဇုန်ကို အမှားအယွင်းမရှိ အကောင်အထည်ဖော်မည်

  1. Mcwin Oo says:

    တော်ပါတောဂျာ..လက်ဖက်ထမင်းတပွဲကို၂၂၀၀ပေပြီးစာနေ၇တာ…၅၇က်၇ှိပြီး..သီလ၀မှ..ထမင်းဆိုင်ကောင်ကောင်လေတော.ဖွင်ပေးစေချင်တ၇်…..

  2. Mcwin Oo says:

    နောက်ကားထုတ်တ၇်သူတွေဒုက္ခမေ၇ာက်အောင်လိုပါ…

Leave a Reply

Your email address will not be published. Required fields are marked *