Opinion

ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ

tamwe-thu

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်းမေ၀းမှာ တည်ရှိနေတဲ့ ရန်ကုန်မြစ်နဲ့ ချိတ်ဆက်နေတဲ့ ပုဇွန်တောင် ငမိုးရိပ်ချောင်းအနားမှာ နေထိုင်နေကြတဲ့ အိမ်ယာသူ၊ အိမ်ယာသားများရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ဤတစ်ပတ် စာဖတ်သူများထံ မျှေ၀ပေးလိုက်ပါတယ်။
အမှိုက်သိမ်းကားဆိုတာ ဘယ်လို ပုံစံမျိုး မသိ၊ မမြင်ဖူးကြတဲ့ ထိုအိမ်ယာ၀န်းထဲမှ အမှိုက်စွန့်ပစ်သူများမှတော့ အိမ်ယာ၀န်းမှ တာ၀န်ရှိသူများ ချိတ်ဆွဲထားတဲ့ “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ စာတန်းလေးကို တာ၀န်သိတတ်သူများအဖြစ် လိုက်နာ ဆောင်ရွက်နေကြသည်မှာ နှစ်နှင့် ချီ၍ ကြာရှိနေခဲ့ပါပြီ။

အိမ်ယာ၀န်းမှ တာ၀န်ရှိသူတစ်ဦးရဲ့ အဆိိုအရတော့ “ကျွန်တော်တို့က စည်ပင်သာယာမှ တာ၀န်ရှိသူများနှင့် စကားပြောပြီးပါပြီ။ ဒါပေမယ့် သူတို့က အမှိုက်ကား မလောက်ငှသည်က တစ်ကြောင်း၊ အိမ်ယာ၀န်းထဲ လာဖို့ အခက်အခဲရှိသည်က တစ်ကြောင်း အစရှိသည့် အကျိုးအကြောင်းတို့ကြောင့် ဒီအိမ်ယာ၀န်း စတင် တည်ဆောက်ခဲ့တဲ့ လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက အမှိုက်သိမ်းစနစ်ဆိုတာ ဒီမှာ မရှိခဲ့တာပါ။ အမှိုက်တွေကို ချောင်းနားမှာ လာလာစွန့်ပစ်ကြလို့ အန့ံအသက် မကောင်းသည့်အတွက်ကြောင့် “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲပေးထားတာပါ။ နည်းလမ်း မရှိတော့ဘူးလေ”ဟု ပြောကြားခဲ့ပါတယ်။

အိမ်ယာ၀င်းအတွင်း အနံ့အသက် ကင်း အမှိုက် ရှင်းသွားသော်လည်း ချောင်း ထဲမှာ နေ့စဉ်နှင့်အမျှ မျှော စီးဆင်းနေတဲ့ လူထောင်ပေါင်းများစွာ လွှင့်ပစ်ထားသော အမှိုက်သရိုက်တွေကတော့ နာမည်ကျော် ငမိုးရိပ်ချောင်းရဲ့ သဘာ၀အလှကို ပျက်စီးစေသလို၊ မြို့ပြ အဂါၤရပ်နှင့်အတူ သဘာ၀ ပတ်၀န်းကျင်ကိုပါ ထိခိုက်စေပါတယ်။ အိမ်ယာ၀င်းထဲသို့ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားများမှလည်း ထိုမြင်ကွင်းကို တွေ့တိုင်း နှာခေါင်းရှုံ့ချသည့်အတွက်ကြောင့် ဤကဏ္႑မှာ ရေးသားတင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *