Opinion

PR တော့မသိဘူး၊ (ဧည့်) နိုင်ငံသားကတော့ တိုင်းပြည်အကျိုး ထမ်းဆောင်ဖို့ အခက်တွေ့နေတုန်းပါ…

ပထမအကြိမ် အစည်းအေ၀းအဖြစ် နိုင်ငံတော်မှာ ပညာတတ်များ လိုအပ်သည့်အတွက်ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို ပြန်လည် လာရောက်ပြီး တိုင်းပြည်တိုးတက်မှုအတွက် ကူညီရာ၀ယ် PR (Permanent Residence) စနစ်က မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုအစည်းအေ၀းပွဲ၌လည်း PR စနစ် ချမှတ်ခြင်းဖြင့် ကောင်းကျိုးတွေ ရှိနိုင်သလို၊ ဆိုးကျိုးများလည်း ရှိနိုင်ကြောင်း မိန့်ကြားခဲ့သည်ဟု နေ့စဉ်သတင်းစာများက ဆိုပါတယ်။

Dual Citizen ကတော့ မျိုးချစ်မြန်မာပြည်၌ မကိုက်ညီသေးတဲ့အတွက်ကြောင့် PR စံနစ်ကို အရင်စဉ်းစားတာ ကြိုဆိုရမည့် ကိစ္စတစ်ခုပါ။ သို့ပေမယ့် တိုးတက်နေသော နိုင်ငံများကို လေ့လာကြည့်လျှင် PR Forever (အမြဲတမ်း PR) ဆိုတာ မရှိပါဘူး။ PR ကိုင်ဆောင်ထားသူများမှာ ၂ နှစ်ပြည့်သည်၊ ၅ နှစ်ပြည့်သည်ဖြစ်စေ အချိန် အတိုင်းအတာတစ်ခုအထိ နေထိုင်နေသည့် တိုင်းပြည်တစ်ခုတွင် ပြည့်မြောက်ပြီးသည့် ကာလတစ်ခု၌ ရွေးချယ်ခွင့်များ ရှိကြပါတယ်။ ဥပမာ – PR အဖြစ်ပဲ သက်တမ်း ထပ်တိုးမည်။ နိုင်ငံသားအဖြစ် ခံယူမည် စသည်ဖြင့်ပေါ့။ PR အကြောင်းကို ယခုမှ စတင်ပြီး ပညာရှင်များက ဆွေးနွေးနေကြသည့် အတွက်ကြောင့်မို့ ထပ်မံ မေ၀ဖန်ချင်ပါဘူး။

သို့ပေမယ့် ပြည်ထောင်စုသမ္မနိုင်ငံ၌ မှီ၀ဲနေထိုင်ကြသည့် လူနည်းစုဖြစ်သော တိုင်းရင်းသားလူမျိုးစုပေါင်း များစွာရှိရာ၀ယ် PR စံနစ်မတိုင်ခင် တည်ရှိနေခဲ့သည့် Naturalized Citizen မဟုတ်သော Associate Citizenဟု ခေါ်ေဝါ်ကြသော (ဧည့်)နိုင်ငံသားများတွက်ကား စဉ်းစားဖွယ်ရာပင်တည်း။ အချို့အချို့သော သတင်းများအရ ယခုဆိုလျှင် (ဧည့်) နိုင်ငံသားအားလုံး Naturalized Citizen အဖြစ် လွယ်ကူစွာ ပြောင်းလဲနိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့်အတွက်ကြောင့် PR ဆိုတာ (ဧည့်) အစားထိုးလား ဆိုတာမျိုး မေးခွန်းထုတ်စရာ ဖြစ်လာနေတာပါ။
(ဧည့်)နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦး၏ အဆိုအရတော့ – “ကျွန်တော်ဟာ ဒီမြေ ဒီပြည်မှာပဲ မွေးဖွားကြီးပြင်းလာတာပါ။ အမေရိကန်နိုင်ငံမှာလည်း ပညာသင်ပြီး အမိမြေကို ပြန်လည် ရောက်ရှိနေထိုင်နေပါပြီ။ သို့ပေမယ့် ကျွန်တော့ ဝါသနာဖြစ်တဲ့ ဓာတ်ပုံပညာကို တိုင်းပြည်ကြီးအတွက် တစ်ဖက်တစ်လမ်းကနေပြီး အသင်း၀င် တစ်ယောက်အနေဖြင့် မျှေ၀ချင်တဲ့အခါကျတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဓာတ်ပုံအသင်းက (ဧည့်)နိုင်ငံသားဆို အသင်း၀င်အဖြစ် လက်ခံလို့ မရဘူးလို့ ဆိုတာကြောင့်ပါ။ ဒါပေမယ့် (ဧည့်)ကနေ နိုင်ငံသားအဖြစ် အရင်ပြောင်းလိုက်လို့ဆိုတော့ ကျွန်တော်လည်း အံ့အားသင့်မိပါတယ်။”

ဆိုလိုတာကတော့ ၄င်း၏ ရှင်းပြချက်များ မှန်ကန်မှု ရှိပါကလို့ ဆက်လက်ရှင်းပြ မနေချင်တော့ဘဲ ဒီနိုင်ငံမှာ မွေး၊ ဒီငါးပိ စားပြီး ကြီးပြင်းလာသူများကိုတော့ ယခုလို ကမ္ဘာကို မီအောင် တိုင်းချစ် ပြည်ချစ်များ အားလုံး ဘက်စုံထောင့်စုံမှ ကြိုးစားနေသည့်အချိန်တွင် (ဧည့်) နိုင်ငံသားဆိုပြီး မရှိသင့်တော့ကြောင်းနှင့် ခွဲခြား ဆက်ဆံပြီး ဟိုအသင်း မ၀င်ရ၊ ဒီအသင်း ၀င်ခွင့် မရှိဆိုတာ မဖြစ်သင့်တော့ကြောင်း တင်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *