News

ကမ္ဘာ့ကားမမောင်းရနေ့ ရန်ကုန်တွင် ပထမဆုံး ကျင်းပမည်

ကမ္ဘာပေါ်တွင် စက်သုံးဆီ ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် နှစ်စဉ် ကျင်းပလျက်ရှိသော ကမ္ဘာ့ ကားမမောင်းရ နေ့ကို ရန်ကုန်မြို့တွင် စက်တင်ဘာလ ၂၂ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း၊ မ.ထ.သ ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က သြဂုတ်လ ၇ရက်နေ့က ကျင်းပသော မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားသည်ဟု သိရသည်။ “ကျွန်တော်တို့နိုင်ငံဟာ အခုဆိုရင် ပွင့်လင်းလာပြီ ဖြစ်တဲ့အတွက် ကမ္ဘာနဲ့ယှဉ်ပြီး လက်တွဲလုပ်ဖို့ အခုလို စီစဉ်တာပါ။ ပြီးခဲ့တဲ့နှစ်ကဆို နိုင်ငံတကာမှာရှိတဲ့ မြို့ပေါင်း ၁၀၀၀ကျော်မှာ ဒီပွဲကို ကျင်းပခဲ့တယ်။ ဒီနှစ်မှာမြို့ပေါင်း ၁၅၀၀အထိ ပြုလုပ်ဖို့ စီစဉ်နေကြတယ်။ အဲ့ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တဲ့အပြင် နှစ်ကုန်ဖို့ရက် ၁၀၀ပဲ လိုတော့တဲ့နေ့ ဖြစ်တယ်”ဟု ၎င်းကပြောသည်။ ယခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်နေခြင်းဖြစ်ပြီး အောင်မြင်ပါက နှစ်စဉ် မြန်မာနိုင်ငံအနှံ့ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါနေ့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကားများ၊ အရေးပေါ်လူနာတင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို လမ်းပေါ်တွင် မောင်းနှင်နေခြင်း တွေ့ပါက ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့ သတ်မှတ် ကျင်းပနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လည်း အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာကားမသုံးရနေ့ အထိမ်းအမှတ်နေ့ကို ၁၉၅၆ခုနှစ်တွင် နယ်သာလန်နှင့် ဘယ်လ်ရီယံနိုင်ငံတို့၌ စတင်ကျင်းပခဲ့ပြီး ထိုမှစ၍ နှစ်စဉ် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြို့များတွင် သက်ဆိုင်ရာအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှုနှင့်အတူ ယာဉ်ကြော ကြပ်တည်းမှုများ ပိုများပြာ လာခဲ့ကြောင်း၊ ယခုကဲ့သို့ မော်တော်ယာဉ် မသုံးရနေ့ သတ်မှတ်ခြင်းဖြင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်သည့်အပြင် ပြည်သူများ ခြေလျင် လမ်းလျောက်ခြင်း၊ စက်ဘီးဖြင့် ခရီးသွားလာခြင်းများသည် ကျန်းမာရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း ဦးလှသောင်းမြင့်က ထက်မံ ပြောကြားသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် လ တစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေတစ်ရက်ကို ဌာနဆိုင်ရာ မော်တော်ယာဉ် မသုံးစွဲရနေ့ (Dry Day)အဖြစ် သတ်မှတ် ကျင့်သုံးဖူးသည်။ အရေးတကြီး မဖြစ်မနေ သုံးစွဲရမည့် ယာဉ်များအတွက် ကြိုတင် အကြောင်းကြားရမည်။ အဓိကမှာ စက်သုံးဆီ ချွေတာရေးအတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့ကားမမောင်းရနေ့တွင် ပါဝင်ဆင်နွှဲခြင်းသည် တစ်ရက်တာ စက်သုံးဆီ ချွေတာရာ ရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း…။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

13 thoughts on “ကမ္ဘာ့ကားမမောင်းရနေ့ ရန်ကုန်တွင် ပထမဆုံး ကျင်းပမည်

  1. Hpone Linn says:

    reduce air pollution? LOL from 365 particles to 364 particles. what a joke!

  2. Thaw Zin says:

    Emergency car so bal lo lote ma tone

  3. Nyan MInn says:

    အမ်………..အဲ့ဒိနေ့သေမယ်လူတွေ…………လူနာတင်ယာဉ်တွေဘယ်လိုလုပ်မလဲ……….ကြိုတင်အကြောင်းကြားရမယ်ဆိုတာဖြစ်နျိင်ချေနဲတယ်နော်………….လူနာတင်ယာဉ်တော့ခွင်ပြုသင်တယ်နော်

  4. Kyaw Swar says:

    Oိာန် !!!!!!တခု ခုမှားနေသလိုပဲ။ ကိုယ်ပိုင်းကား နဲ့ ရုံးကား တွေ ဆို တော်သေးတယ် လိုင်းကား မရှိတော taxi စီးတော ပိုက်ဆံ ပိုကုန်မှာ ဘယ်သူတွေ လဲ????

  5. Nway Oo says:

    ဘယ်စောက်ရူး တီထွင်ပြန်ပြီလဲကွာ…အဲဒါ လူ့အခွင့်ရေးချိုးဖေါက်တာကွ ။

  6. Wai Yan Htat says:

    စာမေးပွဲဖြေနေရရင်ဘယ်လိုလုပ်မလဲ ဦးနှောက်ကြီး နားကြီးများ

  7. ဖြိုးဝေ လွင် says:

    ambulance firefighter တွေပါမသွားရရင် အရေးပေါ်ကိစ္စနဲ့ကြုံတဲ့သူတွေအကုန်သေကုန်မှာပေါ့ ကြည့်လဲလုပ်ပါ…

  8. Win Aung says:

    အဲဒီနေ့ ကားအားလုံးမောင်းကြည့်ရင်တော့ပြသာနာပဲ

  9. Min Htike says:

    စောက် ရူး

  10. Cold Flame says:

    how to do for Emergency???

  11. Roman Khadka says:

    အဆိုပါနေ့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကားများ၊အရေးပေါ် လူနာတင်ယာဉ်များ၊မော်တော်ဆိုင်ကယ်များမှလွဲ၍ အခြားမည်သည့် ယာဉ်အမျိုးအစားမဆို
    လမ်းပေါ်တွင် မောင်းနှင်ခြင်းတွေ့ရှိပါက
    လို့ရေးစမ်းပါဗျာ။

  12. Ngwe Daung Hlaing says:

    ambulance, hearse, police car, bus to airport and other essential vehicles should be allow to use on that day.

  13. Ye Htun says:

    ဘာလဲဟ….

Leave a Reply

Your email address will not be published. Required fields are marked *