News, Travel

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များက စမ်းသပ်စစ်ဆေးသည့် ကိစ္စနှင့်ပတ်သက်၍ Forward ၀က်ဘ်ဆိုက်တွင် တင်ထားသော မောင်လွမ်းေ၀၏ ဆောင်းပါးအား ဗုဒ္ဓဘာသာ၀င်များအနေဖြင့် ဂုဏ်ယူ ၀မ်းသာနိုင်စေရန်အတွက် ပြန်လည်မျှေ၀ တင်ပြလိုက်ရပါသည်။ ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့သည်မှာ (BC 623)က ဖြစ်သဖြင့် ဗုဒ္ဓသည် ခရစ်တော်ထက် ၆၂၃နှစ် ပိုစောသကဲ့သို့ မိုဟာမက်ပေါ်ခဲ့တာသည် (AD 570)ဆိုသောကြောင့် ဗုဒ္ဓက မိုဟာမက်ထက်လည်း နှစ်ပေါင်း ၁၁၉၃နှစ် ပိုစောခဲ့ကြောင်း၊ သို့ဖြစ်၍ ယခုတရုတ်ပြည်၌ ရှိနေခဲ့သော ဗုဒ္ဓ၏စွယ်တော် (သွား)၏ သက်တမ်းသည် နှစ်ပေါင်း (၂၆၃၃)နှစ် ရှိနေပြီ ဖြစ်ပါသည်။

ထိုမျှသက်တမ်းရှိနေပြီဖြစ်သော သွားအပေါ်တွင် သံသယမကင်း ဖြစ်နေသည့် အနောက်တိုင်း သိပ္ပံပညာရှင်တို့သည် ထို သွား (စွယ်တော်)ကို Genetic Engineering နည်းဖြင့် စမ်းသပ်စစ်ဆေးလိုကြောင်း အကြိမ်ကြိမ် တောင်းဆိုသောကြောင့် တရုတ်အစိုးရက ခွင့်ပြုလိုက်သည့်အခါ သိပ္ပံပညာရှင်များ၏ စမ်းသပ်ေတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ဗုဒ္ဓ၏ သွား (စွယ်တော်)သည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ခန့်က သွားဆိုသည်မှာ မှန်ကန်ပါကြောင်း။
(၂) လူသားတစ်ဦး၏ သွားဖြစ်သည်မှာလည်း မှန်ကန်ပါကြောင်း။
(၃) ၄င်းသွားထဲမှာပါသော DNA (Deoxyribo Nucleic Acid)သည် သာမန်လူသားတစ်ဦး၏ DNAနှင့်မတူပဲ Supreme Lord (အမြင့်မြတ်ဆုံး အရှင်သခင်)၏ DNAအဖြစ် ကောက်ချက်ချခဲ့ကြောင်း။

အဆိုပါ သိပ္ပံတွေ့ရှိချက် ထွက်ပေါ်လာစဉ်မှာပင် အနောက်အုပ်စု အစိုးရများက ယင်းတို့၏ သိပ္ပံပညာရှင်များအား စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ရန် အမိန့် ထုတ်ခဲ့သည်ဟု သိရသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာ ကမ္ဘာကျော်သွားမည့်အဖြစ်ကို မလိုလား၍ ဖြစ်ပါသည်။ ထို့အပြင် အနောက်အုပ်စု/ အမေရိကန်နှင့် တရုတ်တို့ အင်အားပါဝါပြိုင်နေချိန်လည်း ဖြစ်နေသည်။ သိပ္ပံပညာတိုးတက်မှုသည် ဤနေရာတွင်မူ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေကြောင်း၊ ဗုဒ္ဓဘာသာ၀င် တစ်ယောက်အနေဖြင့် ဤသတင်းကို ကြားရသည်မှာ ဂုဏ်ယူ၀မ်းသာမိမည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

  1. Myat Lynn says:

    It would be great if you can provide references and links.

  2. Aung says:

    what kind of font? can not read!

Leave a Reply

Your email address will not be published. Required fields are marked *