Laptops, News, Review

လူကြိုက်များတဲ့ Acer Swift 3 SF314-57-33QL Silver (i3-10th Gen) တွေ ICT.com.mm မှာ Stock ရှိလို့ ချက်ချင်းဝယ် ချက်ချင်းရနိုင်ပြီနော်

ကျောင်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေပြီး လူကြိုက်များတဲ့ Acer Swift 3 SF314-57-33QL Silver (i3-10th Gen) တွေ ICT.com.mm မှာ Stock ရှိလို့ ချက်ချင်းဝယ် ချက်ချင်းရနိုင်ပြီနော်…
Acer Swift 3 SF314 ဆိုတာက ပရော်ဖက်ရှင်နယ်သုံး Software တွေကို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ဖို့ အမြန်နှုန်း 3.6 GHz အထိ ရရှိနိုင်တဲ့ i3-10th Gen Processor ကို တပ်ဆင်ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူအသုံးပြုနိုင်ဖို့အတွက် 14″ မျက်နှာပြင် အရွယ်အစား၊ Anti-Glare နည်းပညာပါဝင်တဲ့ Full HD Resolution မျက်နှာပြင်ကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် အလင်းမပြန်ဘဲ အသုံးပြုနိုင်မှာပါ။
RAM အသုံးပြုမှုမြင့်တဲ့ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေကို သွက်သွက်လက်လက်နဲ့ တပြိုင်နက်အသုံးပြုနိုင်အောင် CPU ကို ကူညီပေးဖို့ RAM 8GB ကို တပ်ဆင်ပေးထားပါတယ်။ ဒေတာသိမ်းဆည်းဖို့အတွက် HDD ထက် အကြမ်းခံပြီး အသံဆူညံမှုနည်းပါးသလို ဒေတာ Speed ပိုမိုမြန်ဆန်တဲ့ SSD 256GB ကို တပ်ဆင်ပေးထားတာကြောင့် Window Loading က စက္ကန့်ပိုင်းပဲ ကြာမြင့်ပြီး ဆော့ဖ်ဝဲလုပ်ဆောင်ချက်တွေက ပေါ့ပါးသွက်လက်နေမှာပါ။
OS မပါဝင်တဲ့အတွက် မိမိနှစ်သက်ရာ Windows, Linux နဲ့ Ubuntu OS တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး အမျိုးအသား၊ အမျိုးသမီး မရွေး ကြိုက်နှစ်သက်ပြီး လိုက်ဖက်မယ့် ငွေမှင်ရောင်လေးဆိုတော့ အဆင်ပြေစေမှာပါ။ Finger Print Reader လေးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ကီးဘုတ်က မီးလင်း Backlit ကီးဘုတ်အမျိုးအစားဖြစ်ပါတယ်။
ခု ICT.com.mm မှာ K768,600 တည်းနဲ့ ဝယ်ယူနိုင်ပါပြီ။ လူကြိုက်များပြီး အကုန်မြန်လို့ ပစ္စည်း အကန့်အသတ်တော့ရှိပါတယ်နော်…

Leave a Reply

Your email address will not be published. Required fields are marked *