Audio & Video, News, Review

Distance learning အတွက် popular အဖြစ်ဆုံး headset များ

နားကြပ်လေးတွေ ကိုယ်စီတပ်လို့ Stay Home နေရင်း အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး အွန်လိုင်းကနေ ပညာဆည်းပူးနေကြသူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးနားကြပ်လေးတွေကို ICT.com.mm က ချပြချင်ပါတယ်။
(၁) ပထမဆုံးချပြချင်တဲ့နားကြပ်လေးကတော့ Plantronics Blackwire C3225 USB Headset ဖြစ်ပါတယ်။ ကွန်ပျူတာ၊ တက်ဘလက်၊ မိုဘိုင်းလ်ဖုန်းတို့နဲ့ ကြိုက်ရာတွဲသုံးလို့ အဆင်ပြေပါတယ်။ USB-A (ဒါမှမဟုတ်) USB-C နဲ့ သုံးနိုင်ပါတယ်။ ပေါ့ပါးပြီး သားရေကူရှင်နူးညံ့မှုနဲ့အတူ နားထဲမှာ သက်တောင့်သက်သာဖြစ်စေပါတယ်။ Remote နဲ့ call control, call answer, ignore, end … အသံအတိုးအကျယ် အကုန်လုပ်လို့ရပါတယ်။ အသံအရည်အသွေး ကြည်လင်ကောင်းမွန်ပြီး ပတ်ဝန်းကျင်ဆူညံသံကိုလည်း အလိုအလျောက် လျှော့ချပေးလို့ အွန်လိုင်းစာသင်နေတဲ့ဘက်ပဲ အာရုံပိုစူးစိုက်မိစေပါတယ်။ တန်ဖိုးကတော့ K109,170 နဲ့ ဝယ်မယ်ဆို အောက်က link ကို နှိပ်လိုက်ပါခင်ဗျ။
👉https://www.ict.com.mm/product/plantronics-blackwire-c3225-usb-headset/
(၂) နောက်ထပ် ချပြမိတ်ဆက်ချင်တဲ့နားကြပ်ကတော့ Jabra Elite 65t ပါ။ တိုက်တေးနီယံအနက်ရောင်လေးနဲ့ ကြိုးမပါဘဲ လွတ်လပ်ပါတယ်။ 4-mic စနစ်နဲ့ မိမိဘေးနားက ဆူညံသံကို လျှော့ချပေးပါတယ်။ မိုက်ကရိုဖုန်းရဲ့ကြိမ်နှုန်းက 100Hz နဲ့ 10kHz ဖြစ်ပြီး စပီကာကြိမ်နှုန်းက 20Hz နဲ့ 20kHz မို့ နုနယ်တဲ့ကလေးနားစည်တောင် ခံနိုင်ရည်ရှိစေပါတယ်။ တစ်ခါအားသွင်းထားပြီး အပြန်အလှန်ပြောဆိုမယ်ဆိုရင် ၁၅ နာရီအထိ ဘက်ထရီခံပါတယ်။ connection ပြတ်တောက်သွားလို့ ၁၅ မိနစ်ကြာရင် အလိုအလျောက် ပါဝါပိတ်ပေးပါတယ်။ မေ့ပြီး ပါဝါမပိတ်မိလို့ ဘက်ထရီဒေါင်းတာမျိုး မရှိစေရပါဘူး။ တန်ဖိုးက K199,000 နဲ့ ICT.com.mm မှာ ရနေပါပြီ။
👉https://www.ict.com.mm/product/jabra-elite-65t-wireless-earphone-titanium-black/
(၃) ဆက်လက်ပြီး မိတ်ဆက်ချင်တာက Apple Earpods အဖြူရောင်ပါ။ Apple ပစ္စည်းဆိုတော့ အရည်အသွေးကို အထူးပြောစရာမလိုတော့ပါဘူး။ ဈေးနှုန်းက K50,000 ပဲရှိပါတယ်။ ချွေးထွက်တာ၊ ရေစိုတာကြောင့် လုံးဝမပျက်စီးစေရပါဘူး။ ဖုန်းနဲ့ရော ကွန်ပျူတာ၊ တက်ဘလက်တွေနဲ့ တွဲသုံးလို့ အဆင်ပြေပါတယ်။ အပြန်အလှန်စကားပြောခြင်း၊ နားထောင်ခြင်းအတွက် အသံကြည်လင်ပြတ်သားစေပါတယ်။ Remote နဲ့ Mic ကတော့ iPod(6th Gen), iPhone 5 နဲ့ iPad Mini 2 နောက်ပိုင်းမော်ဒယ်တွေကိုပဲ ပိုးပေးထားပါတယ်။ပံ့
အွန်လိုင်းကနေ စာပေသင်ကြားဖို့ သုံးလို့ကောင်းတဲ့ နားကြပ်လေးပါပဲ။
👉https://www.ict.com.mm/product/apple-earpods-with-lightning-connector-white-13/
(၄) စာသင်လို့ကောင်းတဲ့ နောက်နားကြပ်တစ်မျိုးကတော့ Sony WH-1000XM3 Headphone ဖြစ်ပါတယ်။ အနက်ရောင်လေးဖြစ်ပါတယ်။ ကြိုးမဲ့အမျိုးအစားမို့ လွတ်လွတ်လပ်လပ် တပ်ထားလို့ရပြီး ဘေးပတ်ဝန်းကျင်ဆူညံလျှော့ချပေးပါတယ်။ ဘက်ထရီက နာရီ ၃၀ အထိ ခံပါတယ်။ အားသွင်းချိန် ၃ နာရီလောက်ပေးတာနဲ့ အားကောင်းကောင်းပြည့်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့အကောင်းဆုံးနားကြပ်အဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။ တန်ဖိုးကတော့ K459,000 ပါ။
👉https://www.ict.com.mm/product/sony-wh-1000xm3-wireless-noise-canceling-headphones-black/
(၅) နောက်ဆုံးချပြချင်တဲ့နားကြပ်လေးကတော့ Samsung Galaxy Buds Plus ဖြစ်ပါတယ်။ ကိုရီးယား BTS အဆိုတော်အဖွဲ့နဲ့ ပူးပေါင်းမိတ်ဆက်ခဲ့တဲ့အတွက် BTS Edition လို့ခေါ်ပါတယ်။ သူလည်း ၂၀၂၀ ပြည့်နှစ်ရဲ့အကောင်းဆုံးနားကြပ်စာရင်းဝင်ဖြစ်ပါတယ်။ Bluetooth 5.0 ဖြစ်ပြီး ဘက်ထရီက 270mAh တပ်ဆင်ပေးထားပါတယ်။ ဒီဇိုင်းအလန်းလေးနဲ့ ချစ်စရာကောင်းပါတယ်။ အွန်လိုင်းမှာ အပြန်အလှန်စကားပြောတာ၊ သီချင်းနားထောင်တာနဲ့ ဖုန်းခေါ်ဆိုမှုအားလုံး အဆင်ပြေအောင် ထုတ်လုပ်ထားပါတယ်။ တန်ဖိုးက K277,000 ဖြစ်ပါတယ်။
👉https://www.ict.com.mm/product/samsung-galaxy-buds-plus-bts-edition-earbuds/

Leave a Reply

Your email address will not be published. Required fields are marked *