News, Review

Apple ချစ်သူတွေ စောင့်စားနေကြတဲ့ iPhone 13 Pro & Pro Max ထွက်လာပါပြီနော်

Oh. So. Pro. အတိုင်း ဘာတွေများ iPhone 13 Pro နဲ့ Pro Max ကထူးခြားပြီး ပိုမိုကောင်းသထက်ကောင်းအောင် Apple ရဲ့တီထွင်မှုတွေကိုအောက်မှာအသေးစိတ်ပြောပြထားလို့ ဝယ်ယူနိိုင်ရန် လင့်ခ် လေးလဲ ပေးထားတယ်နော်။ အမြန်ဆုံး မှာယူပြီး Pro ကျကျ နေ့သစ်လေးတွေ ဖြတ်သန်းနိုင်ပါစေနော်။
👉 Body Design
iPhone 13 Pro ရဲ့ ရှေ့ဘက်ရော၊ နောက်ဘက်မှာပါ Gorilla Glass မှန်ကို အသုံးပြုထားပါတယ်။ ဘေးဘောင်ကတော့ Stainless Steel ပါ။ ကိုယ်ထည်ရေစိုခံနိုင်မှုကတော့ IP68 ဖြစ်ပါတယ်။
👉 Display
မျက်နှာပြင်က OLED ပဲဖြစ်ပြီး နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Super Retina XDR နည်းပညာကြောင့် ယခင် iPhone 12 Pro ထက် အရောင်ပိုမိုစိုပြည်ပြီး တောက်ပမှုလည်း ပိုကောင်းပါတယ်။
👉 Performance
OS အတွက် Apple ရဲ့နောက်ဆုံးပေါ် iOS 15 နဲ့ မောင်းနှင်ပေးမှာပါ။ Chipset ကလည်း 6-core CPU နဲ့ 5-core GPU ပါတဲ့ နောက်ဆုံးပေါ် A15 Bionic chipset ကို အသုံးပြုထားလို့ တကယ့်ကိုမြန်ဆန်သွက်လက်တဲ့ဖုန်းတစ်လုံးပါပဲ။ RAM 6GB နဲ့လာမှာဖြစ်ပြီး Internal Storage အတွက်ကတော့ 128GB, 256GB, 512GB, 1TB စသဖြင့် မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
👉 Camera and Video
နောက်ကျောကင်မရာသုံးလုံးက 12MP (wide), 12MP (telephoto) နဲ့ 12MP (ultrawide) တို့ဖြစ်ပါတယ်။ iPhone 12 Pro ထက် အလင်းဖမ်းယူမှုအားကောင်းပြီး ပိုမိုကျယ်ပြန့်တဲ့မြင်ကွင်းကျယ်ပုံရိပ်တွေကိုလည်း ရိုက်ကူးပေးနိုင်မှာပါ။ Optical Zoom က 3x ဖြစ်ပြီး ဓာတ်ပုံအရောင်ကိုမိမိစိတ်ကြိုက်ပြင်ထားလို့ရမဲ့ Photographic Syles တွေလည်း ပါဝင်ပါတယ်။ ထူးခြားချက်က တကယ့်ဒါရိုက်တာတစ်ယောက်လို ဗီဒီယိုရိုက်ကူးနိုင်စေမဲ့ Cinematic Mode ဖြစ်ပါတယ်။ ရိုက်ကူးနေစဉ်မှာ အရာဝတ္ထု/လူတွေကို အလိုအလျောက် focus လိုက်ချိန်ပေးမှာဖြစ်ပြီး တကယ်မိုက်တဲ့ portrait ဗီဒီယိုတွေကို ရိုက်ကူးနိုင်စေမှာပါ။ ရှေ့ဘက်မှာတော့ 12MP (wide) selfie ကင်မရာကို ထည့်ပေးထားပြီး night mode လည်း ရိုက်လို့ရမှာပါ။
👉 Features and Battery
Face ID နဲ့ပဲအသုံးပြုရမှာဖြစ်ပြီး Touch ID တော့ ပါမှာမဟုတ်ပါဘူး။ ဘတ္ထရီက ပြီးခဲ့တဲ့ iPhone 12 Pro ထက် တစ်နာရီခွဲကြာ အားပိုခံမယ်လို့ Apple က ကြေညာထားပါတယ်။ Fast charging 20W ပါလို့ နာရီဝက်အတွင်း ဖုန်းအား 50% အထိ အမြန်အားသွင်းပေးနိုင်ပါတယ်။ MagSafe wireless charging (15W) နဲ့ Qi magnetic fast wireless charging (7.5W) တို့ဖြင့်လည်း အားသွင်းနိုင်မှာပါ။
👉Colour
Graphite, Gold, Silver နဲ့ Sierra Blue ဆိုပြီး အရောင်လေးမျိုးထဲက ရွေးချယ်နိုင်ပါတယ်။
Buy now for iPhone 13 Pro Max » https://bit.ly/2WoXSZS
Buy now for iPhone 13 Pro » https://bit.ly/3FfyDen
» အိုင်စီတီမှာ ဈေးဝယ်ရင် ပစ္စည်းတိုင်းအတွက် အပိုထပ်ဆောင်း % ပေးစရာမလိုဘဲ ဘဏ်စနစ်နဲ့ ပေးချေနိုင်ပါကြောင်း သတင်းကောင်းပါးပါရစေ။ #KBZPay, #WavePay, #CBPay, #Visa, #MasterCard, #MPU, #UnionPay, Direct bank transfers to #KBZ, #AYA and #CB တို့ကို လက်ခံပါသည်။
» ငွေသားနဲ့ပေးချေမယ်ဆိုရင် ၅% Cashback ပြန်အမ်းပေးဦးမှာမို့လို့ အခုပဲ အိုင်စီတီမှာ ဈေးဝယ်လိုက်တော့နော်။
🙋‍♂ မေးခွန်းများ ရှိပါက?
Viber: 0942 000 4551
🛍 Happy Shopping!
Team ICT.com.mm
.

Leave a Reply

Your email address will not be published. Required fields are marked *