Oh. So. Pro. အတိုင်း ဘာတွေများ iPhone 13 Pro နဲ့ Pro Max ကထူးခြားပြီး ပိုမိုကောင်းသထက်ကောင်းအောင် Apple ရဲ့တီထွင်မှုတွေကိုအောက်မှာအသေးစိတ်ပြောပြထားလို့ ဝယ်ယူနိိုင်ရန် လင့်ခ် လေးလဲ ပေးထားတယ်နော်။ အမြန်ဆုံး မှာယူပြီး Pro ကျကျ နေ့သစ်လေးတွေ ဖြတ်သန်းနိုင်ပါစေနော်။

iPhone 13 Pro ရဲ့ ရှေ့ဘက်ရော၊ နောက်ဘက်မှာပါ Gorilla Glass မှန်ကို အသုံးပြုထားပါတယ်။ ဘေးဘောင်ကတော့ Stainless Steel ပါ။ ကိုယ်ထည်ရေစိုခံနိုင်မှုကတော့ IP68 ဖြစ်ပါတယ်။

မျက်နှာပြင်က OLED ပဲဖြစ်ပြီး နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Super Retina XDR နည်းပညာကြောင့် ယခင် iPhone 12 Pro ထက် အရောင်ပိုမိုစိုပြည်ပြီး တောက်ပမှုလည်း ပိုကောင်းပါတယ်။

OS အတွက် Apple ရဲ့နောက်ဆုံးပေါ် iOS 15 နဲ့ မောင်းနှင်ပေးမှာပါ။ Chipset ကလည်း 6-core CPU နဲ့ 5-core GPU ပါတဲ့ နောက်ဆုံးပေါ် A15 Bionic chipset ကို အသုံးပြုထားလို့ တကယ့်ကိုမြန်ဆန်သွက်လက်တဲ့ဖုန်းတစ်လုံးပါပဲ။ RAM 6GB နဲ့လာမှာဖြစ်ပြီး Internal Storage အတွက်ကတော့ 128GB, 256GB, 512GB, 1TB စသဖြင့် မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

နောက်ကျောကင်မရာသုံးလုံးက 12MP (wide), 12MP (telephoto) နဲ့ 12MP (ultrawide) တို့ဖြစ်ပါတယ်။ iPhone 12 Pro ထက် အလင်းဖမ်းယူမှုအားကောင်းပြီး ပိုမိုကျယ်ပြန့်တဲ့မြင်ကွင်းကျယ်ပုံရိပ်တွေကိုလည်း ရိုက်ကူးပေးနိုင်မှာပါ။ Optical Zoom က 3x ဖြစ်ပြီး ဓာတ်ပုံအရောင်ကိုမိမိစိတ်ကြိုက်ပြင်ထားလို့ရမဲ့ Photographic Syles တွေလည်း ပါဝင်ပါတယ်။ ထူးခြားချက်က တကယ့်ဒါရိုက်တာတစ်ယောက်လို ဗီဒီယိုရိုက်ကူးနိုင်စေမဲ့ Cinematic Mode ဖြစ်ပါတယ်။ ရိုက်ကူးနေစဉ်မှာ အရာဝတ္ထု/လူတွေကို အလိုအလျောက် focus လိုက်ချိန်ပေးမှာဖြစ်ပြီး တကယ်မိုက်တဲ့ portrait ဗီဒီယိုတွေကို ရိုက်ကူးနိုင်စေမှာပါ။ ရှေ့ဘက်မှာတော့ 12MP (wide) selfie ကင်မရာကို ထည့်ပေးထားပြီး night mode လည်း ရိုက်လို့ရမှာပါ။

Face ID နဲ့ပဲအသုံးပြုရမှာဖြစ်ပြီး Touch ID တော့ ပါမှာမဟုတ်ပါဘူး။ ဘတ္ထရီက ပြီးခဲ့တဲ့ iPhone 12 Pro ထက် တစ်နာရီခွဲကြာ အားပိုခံမယ်လို့ Apple က ကြေညာထားပါတယ်။ Fast charging 20W ပါလို့ နာရီဝက်အတွင်း ဖုန်းအား 50% အထိ အမြန်အားသွင်းပေးနိုင်ပါတယ်။ MagSafe wireless charging (15W) နဲ့ Qi magnetic fast wireless charging (7.5W) တို့ဖြင့်လည်း အားသွင်းနိုင်မှာပါ။

Graphite, Gold, Silver နဲ့ Sierra Blue ဆိုပြီး အရောင်လေးမျိုးထဲက ရွေးချယ်နိုင်ပါတယ်။
Buy now for iPhone 13 Pro Max » https://bit.ly/2WoXSZS
Buy now for iPhone 13 Pro » https://bit.ly/3FfyDen
» ငွေသားနဲ့ပေးချေမယ်ဆိုရင် ၅% Cashback ပြန်အမ်းပေးဦးမှာမို့လို့ အခုပဲ အိုင်စီတီမှာ ဈေးဝယ်လိုက်တော့နော်။

Messenger: https://m.me/ICT.com.mm
Viber: 0942 000 4551
Email: [email protected]

Team ICT.com.mm