ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က လစဉ်ကျင်းပလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောပွဲ (ဇူလိုင် ၂၀၁၃)ကို ဇူလိုင် ၇ရက် (စနေနေ့) နေ့လည် ၂နာရီတွင် UMFCCI Office Tower၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်မှ “The Impact of Climate Change and its Challenges in Myanmar” (မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုနှင့် ယင်း၏ စိန်ခေါ်မှုများ) ခေါင်းစဉ်ဖြင့် ဟောပြောမည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ ဟောပြော ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရပါသည်။
ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်

03
Jul
တက္သင့္တဲ့ ပြဲပါ။အခုခေတ်က ရာသီတုတွေဆိုးဝါးနေတော့ လေ့လာဖို့ တက်သင့်ပါတယ်။