News, Promotion

The best deals for the Gamers from ICT

#ASUS မှ Gamer တွေအတွက် ထုတ်လုပ်လိုက်တဲ့ #ROG Zephyrus G14 #Gaming Laptop ကို ကျပ်ငါးသိန်းနီးပါး ဈေးလျှော့ထားတာနော်။ 😲
ဒီ Gaming Laptop လေးရဲ့အကြောင်းလဲ ပြည့်ပြည့်စုံစုံ ဖော်ပြထားသေးတယ်ရှင့်။ 🥰
» ထူးခြားတဲ့ ဒီဇိုင်းပုံစံသစ်နဲ့ ထုတ်လုပ်ထားပြီး Laptop ရဲ့ မျက်နှာပြင်ကာဗာ (Cover) မှာ မိမိစိတ်ကြိုက် ဒီဇိုင်းအလှရုပ်ပုံတွေ ပြုလုပ်နိုင်ပါတယ်။
» 14″ လက်မ အရွယ်အစားနဲ့ ထုတ်လုပ်ထားပြီး AMD Ryzen™ 5 4600HS 3.0GHz Processor, Gaming Laptop ရဲ့ အသက်ဖြစ်တဲ့ GPU အတွက် NVIDIA® GeForce® GTX 1650 Ti 4GB GDDR6 ကို တပ်ဆင်ထားပါတယ်။ နောက်ဆုံးပေါ်ဂိမ်းတွေကိုကစားမယ်ဆိုရင် GeForce GTX 950 ထက် နှစ်ဆ ပိုမိုမြန်ဆန်ပြီး GTX 1050 ထက် ၇၀% ပိုမိုမြန်ဆန်ပါတယ်။
» Screen Refresh Rate – 120 Hz ရှိတဲ့ IPS Full HD (1920 x 1080) Display မျက်နှာပြင်တို့ကို တွဲဖက်ထားတာကြောင့် အရွယ်အစားသေးငယ်ပေမယ့် အမိုက်စားစွမ်းဆောင်ရည်ကို ရရှိမယ့် System အတွဲအဖက်ပဲ ဖြစ်ပါတယ်။
» RAM အဖြစ် DDR4 3200 RAM (8GB) ကို တပ်ဆင်ထားတဲ့အတွက် Gaming Laptop တစ်လုံးအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ RAM 16GB အထိတိုးမြှင့်လို့ရတဲ့ Slot အလွတ်တစ်ခုပါဝင်တာကြောင့် RAM အရမ်းမြင့်တဲ့ဂိမ်းတွေကို ကစားချင်တယ်ဆိုရင်လည်း အဆင်ပြေစေမှာပါ။
» ဒေတာသိမ်းဆည်းမှု (Stroage) အတွက် HDD ထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ 512GB PCle SSD ကိုတပ်ဆင်ထားတာက Laptop ရဲ့ စွမ်းဆောင်ရည်ကို မြန်သထက်မြန်စေမှာပါ။
» Wireless ချိတ်ဆက်မှုအတွက် Intel Wifi 6 ကို တပ်ဆင်ထားတာကြောင့် Online Multiplayer ဂိမ်းတွေကို သွက်သွက်လက်လက် ကစားနိုင်မှာ ဖြစ်ပါတယ်။
» လူသုံးများလာတဲ့ USB Type-C Port ကို ထည့်သွင်းပေးထားပေမယ့် DVD-RW Drive တော့ မပါဝင်ပါဘူး။
» ဘတ္ထရီကတော့ 4 Cell (76 Wh) ဘတ္ထရီကို တပ်ဆင်ပေးထားပါတယ်။
» အသံထွက်ပိုင်း (Sound System) မှာ Virtual 5.1.2-channel Surround Sound ရရှိအောင် ပြုလုပ်ထားလို့ အလန်းစားအသံစနစ်နဲ့ အသုံးပြုနိုင်မှာပါ။
» Gaming Laptop ရဲ့ ရန်သူဖြစ်တဲ့ အပူဒဏ်ကို လျှော့ချနိုင်ဖို့အတွက် Self-cleaning cooling လုပ်ဆောင်နိုင်တဲ့ ROG Cooling နည်းပညာကို ထည့်သွင်းပေးထားပါတယ်။
» OS အဖြစ် Window 10 Home နဲ့အသုံးပြုရမှာဖြစ်ပြီး စိတ်ချလက်ချနဲ့ ရေရှည်အသုံးပြုနိုင်ဖို့ နှစ်(2) နှစ်အထိ အာမခံပေးထားပါတယ်။
ကဲ… ဘာလိုသေးလဲနော်။ စျေးကလဲ အရမ်းတန်နေတော့ ထုံးစံအတိုင်း လင့်ခ် လေးကို Click ပြီးလို့သာ ဝင်ရောက်ဝယ်ယူလိုက်တော့နော်။
» i/mBanking ဖြင့် ကုန်ပစ္စည်းအကုန်လုံးကို ၁၀၀% ပေးချေဝယ်ယူနိုင်ကြောင်း ထပ်မံ အသိပေးပါသည်။ ငွေသားဖြင့် ပေးချေမည်ဆိုပါက 5% ပြန်အမ်းငွေ ရှိပါသည်။
🙋‍♂ မေးခွန်းများ ရှိပါက?
Viber: 0942 000 4551

Leave a Reply

Your email address will not be published. Required fields are marked *