Review

သီတင်းကျွတ်အတွက် ICT ရဲ့ သီတင်းကျွတ် ပက်ကေ့ချ်လေးလာပါပြီ

သီတင်းကျွတ်အခါသမယမှာ မိဘ၊ ဆွေမျိုး၊ လူကြီးသူမ၊ ဆရာသမားတွေကို ကန်တော့ဖို့ ပြင်ဆင်နေကြပြီမဟုတ်ပါသလားရှင်။
ဘာဝယ်ပြီး ကန်တော့ရမလဲဆိုပြီး စဉ်းစားရကြပ်နေရင် မပူပါနဲ့နော်..

ကန်တော့ဖို့ပစ္စည်းကို လျှောက်ရှာနေစရာမလိုဘဲ တစ်နေရာတည်းမှာ၊ စုံစုံလင်လင် လွယ်လွယ်ကူကူနဲ့ ရွေးချယ်ဝယ်ယူနိုင်ဖို့ ICT.com.mm ရဲ့ သီတင်းကျွတ်အတွက် အထူး ပက်ကေ့ချ်လေးတွေက စောင့်ကြိုနေပါတယ်ရှင်။

ပုံသေလုပ်ပေးထားတာ မဟုတ်ဘဲ ပေးထားတဲ့အထဲက ကိုယ်ကြိုက်တဲ့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးနိုင်တာမို့ အရမ်းကို အဆင်ပြေပါတယ်နော်။ ဝယ်ပြီး ပစ္စည်းရောက်လာတဲ့အခါဆိုရင်လည်း ပုံထဲကလို ခြင်းတောင်းလေးနဲ့ သေချာထုတ်ပိုးပြီး ပို့ပေးလိုက်မှာဆိုတော့ တန်းပြီး ကန်တော့ရုံပဲပေါ့။

ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝယ်ယူအားပေးနိုင်ပါပြီနော်…