News

Tesla Model S ကားများ အမေရိကန် အနှံ့သွားနိုင်ပြီ

Electric Car များဖြစ်တဲ့ Tesla Model S ကားများအတွက် အားဖြည့်သွင်းနိုင်တဲ့ နေရာများကို Tesla က တိုးချဲ့ပေးလိုက်ပြီဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် New York မှ California သို့ သွားနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို ၂၀၁၃ ခုနှစ် မေလက စတင် ကြေညာခဲ့ပြီးအခုတော့ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Tesla ရဲ့ အားဖြည့်သွင်းနိုင်တဲ့ နေရာများဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ဖြန့်ကျက်ထားနိုင်ပြီ ဖြစ်ပါတယ်။ Model S ကားများဟာ တစ်ခါအားသွင်းထားရင် (၂၆၅) မိုင် မောင်းနိုင်ပါတယ်။ ကီလိုမီတာအားဖြင့် (၄၂၆) ကီလိုမီတာ မောင်းနှင် နိုင်ပါတယ်။

Supercharger များကို စားသောက်ဆိုင်များ၊ ဈေး၀ယ်စင်တာများ အနီးအနားမှာ ထားရှိပေးထားမှာဖြစ်ပါတယ်။ စားသောက်ဆိုင် ရောက်တဲ့အခါမှာ ကားကို အားသွင်းထားနိုင်ပြီး အစားစားပြီးချိန်မှာ ကားဟာ အားပြည့်ပြီလို့ Tesla က ပြောပါတယ်။ အားသွင်းချိန် ဟာ မိနစ်လေးဆယ်လောက်သာ ကြာမြင့်မှာဖြစ်ပါတယ်။

Supercharger များကို Illinois, South Dakota, Arizona , California စတဲ့ ပြည်နယ် တစ်လျှောက်ထားရှိပေးထားမှာ ဖြစ်ပါတယ်။ Tesla က ၂၀၁၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ (၉၈) ရာခိုင်နှုန်းမှာ Supercharger များထားရှိဖို့ ရည်ရွယ်ထားပါတယ်။ ကနေဒါနိုင်ငံရဲ့ အချို့နေရာများမှာလည်း Supercharger များထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဥရောပမှာ Supercharger များဟာ (၁၄) ခုသာရှိပေမယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ အများအပြားပြုလုပ်ပေးမှာဖြစ်ပါတယ်။

Tesla အသုံးပြုသူများဟာ Supercharger နေရာသစ်များကို ကားရဲ့ Navigation System မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကားအားသွင်းဖို့ လိုအပ်နေတဲ့အချိန်မှာလည်း အားဖြည့်သွင်းတဲ့နေရာကို ညွှန်ပြနိုင်ပါတယ်။

အောက်ကပုံတွေက Supercharger များတည်ရှိရာ နေရာများနဲ့ Tesla ကားကို အားဖြည့်သွင်းနေပုံတို့ဖြစ်ပါတယ်။

2

3

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *