News

Dell မှ VMware ကုမ္ပဏီအား ဒေါ်လာ ဘီလီယံ ၅၀ကျော် ဖြင့် ဝယ်ယူမည်

ကမ္ဘာကျော် စီးပွားရေးသတင်းဌာနဖြစ်တဲ့ Bloomberg နဲ့ Reuters တို့ရဲ့ သတင်းအရ Dell ကုမ္ပဏီဟာ VMware ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့ EMC ကုမ္ပဏီကို ဒေါ်လာ ဘီလီယံ ၅၀ ကျော်နဲ့ ဝယ်ယူသွားဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

ယင်းသတင်းကို Dell က ယနေ့ညပိုင်းမှာ ထုတ်ပြန်ုဖို့လျာထားတယ်လို့ သိရပါတယ်။ Dell ရဲ့ CEO ဖြစ်တဲ့ Michael Dell နဲ့ EMC ရဲ့ CEO ဖြစ်တဲ့ Joe Tucci တို့ဟာ သဘောတူညီခဲ့ကြကာ ကုမ္ပဏီနှစ်ခုကြားတွဲဖက် လုပ်ဆောင်မယ့် စီမံကိန်းများကိုလည်း သီးသန့်တိုင်ပင်ပြီးကြောင်း Re/code သတင်းက ဖော်ပြထားပါတယ်။

သဘောတူညီချက်ရဲ့ အသေးစိတ်ကို မသိရသေးပေမယ့် Dell အနေနဲ့ EMC ကိုဝယ်ယူဖို့ ဒေါ်လာ ဘီလီယံ ၅၀ ကျော်အကုန်အကျခံမှာဖြစ်ပြီး ယင်းပမာဏဟာ နည်းပညာလောကထဲ ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့အမြင့်ဆုံး ငွေပမာဏပဲဖြစ်ပါတယ်။ EMC အနေနဲ့ ၎င်းကို ကမ်းလှမ်းလာမယ့် အခြား ကမ်းလှမ်းမှုများကိုလည်း Dell ကို ဖော်ပြရန်လိုအပ်တဲ့ အတွက် ဘီလီယံ ၅၀ ထက်ပိုပေးမယ့်သူရှိဦးမလားဆိုတာ အများကစိတ်ဝင်စားနေပါတယ်။

EMC ဟာ digital storage လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး VMware ကိုလည်း ပိုင်ဆိုင်ပါတယ်။ အကယ်၍ Dell ရဲ့ hardware နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ enterprise computing ထုတ်ကုန်များစွာဖန်တီးသွားနိုင်မယ်လို့ Bloomberg က ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *