Architecture, Design, Featured, News

၂၀၁၄ ခုနှစ်ရဲ့ အံ့သြဖွယ်အကောင်းဆုံး နေအိမ်ဒီဇိုင်း ဆယ်ခု

လူတိုင်းကတော့ တုနှိုင်းမရှိတဲ့ ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတဲ့ နေအိမ်မှာ မနေနိုင်ပါဘူး။ ဒါပေမယ့် နေချင်တဲ့ အိမ်ဒီဇိုင်းတွေကိုတော့ ကြည့်ရှုခွင့်ရှိပါတယ်။ မြောက်အမေရိကရဲ့ မြက်ခင်းတွေဖုံးလွှမ်းနေတဲ့ နေရာထဲမှာ ပျောက်ကွယ်နေတဲ့ မိသားစုတစ်စုအတွက်သာ ဒီဇိုင်းထုတ်ထားတဲ့ အိမ်ပဲဖြစ်ဖြစ် လူမှု ပေါင်းသင်းဆက်ဆံရေးကို အားပေးတဲ့ မိုးမျှော်တိုက်ခန်းကြီး တွေပဲဖြစ်ဖြစ်ပါ။ အောက်မှာ ဖော်ပြထားတာတွေကတော့ ဒီနှစ်ထဲမှာပဲပြောင်းရွှေ့ချင်လောက်အောင် နေချင်စရာကောင်းတဲ့ နေအိမ်ဒီဇိုင်းတွေဖြစ်ပါတယ်။

Topo House

ဒီဆန်းသစ်တဲ့ နေအိမ်ကတော့ ၀စ်စကွန်ဆင်ပြည်နယ် Blue Moundsရဲ့ မြက်ခင်းပြင်ထဲမှာ တိမ်မြုပ်နေပါတယ်။ ဘေးပတ်၀န်းကျင်မှ မြေသားရဲ့ အောက်ရောက်လုနီးပါး ဖြစ်နေပါတယ်။ နေအိမ်ရဲ့ အထက်ရှိ အလူမီနီယမ် စုလစ်မွန်းချွန်တွေကလည်း မြက်ပင်တွေကို လေတိုက်ရင် အသွင်ပြောင်းသွားသလို ဖြစ်မယ့် ပုံပေါ်ပါတယ်။ ဒီဇိုင်းကို Johnsen Schmaling Architectsက ရေးဆွဲထားတာဖြစ်ပြီး ဒီနှစ်ထဲမှာ ဆုများစွာ ရရှိခဲ့ပါတယ်။
1
The Starwars House

ငယ်ရွယ်တဲ့ တောင်ကိုရီးယားမိသားစုအတွက် ကိုရီးယား ဗိသုကာ အဖွဲ့ Moon Hoonမှ တည်ဆောက်ပေးထားတဲ့ Star Warsစတိုင် နေအိမ်ဟာ Obi Wan Kenobiရဲ့ ဧည့်သည်နေအိမ်နဲ့ တူနေပါတယ်။ အတွင်းပိုင်းမှာတော့ အလင်းရောင်ကောင်းစွာရပြီး Ikeaရဲ့ ထုတ်ကုန်များလို ခေတ်ဆန်ပေမယ့် အပြင်ကနေ ကြည့်ရင်တော့ အချိုးမညီတဲ့ Star Warအိမ်ပုံစံဖြစ်ပါတယ်။
2
Cliff House

လျှို့ဝှက်တဲ့ နေအိမ်ကို လိုက်ရှာနေရင်တော့ အသင့်ပြုလုပ်ထားတဲ့ အစိတ်အပိုင်းတွေနဲ့ ဒီဇိုင်းရေးဆွဲတဲ့ ဩစတြေးလျ ဒီဇိုင်နာ Modscapeရဲ့ အိမ်ကလွဲပြီး တစ်ခြားရှာစရာမလိုပါဘူး။ တောင်ကမ်းပါးယံကနေ တွဲလောင်းကျနေတဲ့ ဒီဇိုင်းပြုလုပ်ထားပြီး အထပ်များစွာပါတဲ့ အပန်းခြေအိမ်ကို ထိပ်ဆုံးမှ အဖီကနေသာ ၀င်ရောက်နိုင်တာပါ။ အောက်ခြေမှာတော့ ပင်လယ်လေညင်းခံဖို့ နေရာပြုလုပ်ပေးထားပါတယ်။
3
Songpa Micro-Housing

ကျဉ်းမြောင်းတဲ့ တိုက်ခန်းတွေဟာ ငယ်ရွယ်ပြီး မြို့ထဲမှာ တစ်ယောက်တည်းနေတဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် SsD Architectureရဲ့ ဆိုးလ်မှ ကျဉ်းမြောင်းတဲ့ နေအိမ်ဒီဇိုင်းကတော့ ရေရှည်နေထိုင်နိုင်မယ့် ပုံပေါ်ပါတယ်။ အနုပညာရှင်များအတွက် ရည်ရွယ်ထားတဲ့ တိုက်ခန်းမှာ လူတစ်ယောက်အပြင် နောက်ထပ်လူတစ်ယောက် ထပ်နေနိုင်အောင် ပြင်ဆင်၊ ပေါင်းစပ်နိုင်တဲ့ အခန်းတွေ ပါရှိပါတယ်။ နေရာလွတ်များစွာရှိတဲ့ ၁၂၀ ပေပတ်လည် တိုက်ခန်းမှာ နေရသလို ဖြစ်စေမှာပါ။
4
Tree In The House

ကာဇက်စတန်မှ A Masow Design Studioရဲ့ သုံးထပ်နေအိမ် ဒီဇိုင်းက Apple Storeနဲ့ သစ်ပင်ကို ပေါင်းစပ်ထားပုံပါပဲ။ ဖောက်ထွင်းမြင်ရတဲ့ ဆလင်ဒါပုံသဏ္ဍာန် နေအိမ်ဟာ ပေ လေးဆယ်ရှည်တဲ့ ထင်းရှူးပင် ပတ်လည်မှာ တည်ဆောက်ထားတာပါ။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်တော့ မကောင်းပေမယ့် တောထဲရောက်နေတဲ့ အရသာကို ခံစားရမှာပါ။ သစ်ပင်ရဲ့ အကိုင်းအခက်တွေကလည်း နေအိမ်ရှိလူတွေကို ကာကွယ်ပေးထားပါတယ်။
5
An Apartment To Make Friends In

ကြီးမားတဲ့ လူနေအဆောက်အဦးကြီးတွေက လူမှုဆက်ဆံရေးအတွက် အမြဲတမ်းတော့ မကောင်းပါဘူး။ C.F. Moller Architectsရဲ့ မိုးမျှော် လူနေအဆောက်အဦးဒီဇိုင်းကတော့ အဆောက်အဦးရှိလူတွေကို အုပ်စုတွေဖွဲ့ပေးခြင်း၊ ၀င်းတံတိုင်းများကို မျှဝေ အသုံးပြုခွင့်ပေးခြင်း၊ လသဆောင်များ များပြားစွာ ပေးထားခြင်း၊ စုပေါင်းစားသောက်ခန်းများ ပြုလုပ်ပေးထားခြင်းဖြင့် သီးခြားစီ ဖြစ်နေမှုကို ဟန့်တားပေးထားပါတယ်။
6
The Prefab Pinwheel

ဒီနှစ်ထဲမှာ ဗိသုကာ ပညာရှင် David Rockwellက အစိတ်အပိုင်းများကို ဖြုတ်တပ်နိုင်တဲ့ နေအိမ် ဒီဇိုင်း ကုမ္ပဏီ C3 Design Incနဲ့ ပူးပေါင်းပြီး တန်ဖိုးကြီး ဈေးကွက်အတွက် ပေါင်းစပ်ပြုပြင်နိုင်တဲ့ နေအိမ်များကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။ မက္ကဆီကိုမှာ အောင်မြင်နေတဲ့ Rockwellရဲ့ ဗိသုကာပညာကို အမှီပြုထားတဲ့ အဆိုပါ ဒီဇိုင်းဟာ ပြုပြင်နိုင်တဲ့ အဆောက်အဦးပုံစံများနဲ့ ပရော်ဖက်ရှင်နယ် အဆင့် အိမ်သုံးပစ္စည်းများနဲ့ အတူ ပေ ငါးရာ ပတ်လည် ကျယ်၀န်းတဲ့ တံတိုင်းထဲမှာ အခန်းလေးခန်းပါတဲ့ ပုံစံပါ။
7
The White Tree

ပြင်သစ်နိုင်ငံ Montpellierမြို့ရှိ ဂျပန် ဗိသုကာ ပညာရှင် Sou Fujimotoရဲ့ အထပ် ၁၇ ထပ်ပါတဲ့ တာဝါပုံစံနေအိမ်ဟာ နေအိမ်သားတွေအတွက်သာမက ပတ်၀န်းကျင်မှ လူတိုင်းအတွက် အကောင်းဆုံးမြင်ကွင်းတွေကို ကြည့်နိုင်ဖို့ ဒီဇိုင်းလုပ်ထားတာပါ။ သစ်ပင်တွေက အိမ်ရဲ့ အလယ်ကနေ လေသာဆောင်ကို ဆန့်ကားထွက်လာတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ မြစ်ဘေးမှာ ရှိတဲ့ နေအိမ်တိုက်ခန်း အဆောက်အဦးကို ၂၀၁၇ မှာ ဖွင့်လှစ်မှာပါ။
8
CityHome

MIT Media Labမှ ပညာရှင်များက ပေနှစ်ရာပတ်လည်ကျယ်၀န်းတဲ့ နေအိမ်လို ထင်ရစေတဲ့ အခန်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ CityHomeဟာ စတိုခန်းအရွယ်လောက်သာရှိပေမယ့် အိပ်ယာတစ်ခု၊ ထမင်းစားစားပွဲတစ်ခု ချက်ပြုတ်နိုင်တဲ့ နေရာနဲ့ စတိုခန်းလေးပါ ပါရှိပါတယ်။ အလွန်သေးငယ်တဲ့ နေအိမ်လေးတစ်ခုလို အသုံးပြုနိုင်ပါတယ်။ နေအိမ်လေးကို ဘူးတစ်ခုလို ပေအနည်းငယ် ရွှေ့ပြောင်းနိုင်တဲ့အတွက် ရေချိုးခန်းဘေးနားမှာ အခန်းပိုလေးအဖြစ်သုံးနိုင်သလို ဧည့်ခန်းအဖြစ်ပါ သုံးနိုင်ပါတယ်။
9
All I Own House

ရုတ်တရက်ကြည့်လိုက်ရင်တော့ စာကြည့်တိုက်က စာအုပ်တွေထားတဲ့ နေရာလိုပါပဲ။ သစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လက်ရန်းတွေကို တွန်းရွှေ့ရင်းနဲ့ အခန်းလေးတစ်ခုကို အိမ်တစ်အိမ်အဖြစ်ပြောင်းလဲနိုင်ပါတယ်။ မက်ဒရစ်အခြေစိုက် PKMN Architectureရဲ့ လက်ရာဖြစ်ပါတယ်။ နေအိမ်အဖြစ် အသွင်ပြောင်းလိုက်ရင် အိပ်ယာတစ်ခု၊ အိမ်သာ၊ မီးဖိုချောင်စားပွဲနဲ့ အခြား အခန်းတွေတာင်ပါပါသေးတယ်။ ဗီရိုတွေကို နေရာရွှေ့ပြီး ပရိဘောဂတွေကို ခေါက်ချိုးခြင်းဖြင့် အိပ်ခန်း၊ မီးဖိုချောင်၊ အ၀တ်လဲခန်း စသဖြင့် မျိုးစုံပြောင်းလဲနိုင်ပါတယ်။
10

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *