News

တေလာဆွစ်ဖ်၊ အီမလီဆန်ဒေး၊ PSYနှင့် One Direction အဖွဲ့တို့ ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံရ

ကန်းထရီးအဆိုတော် တေလာဆွစ်ဖ်နှင့် ဗြိတိန်အမျိုးသားအဆိုတော်အဖွဲ့ One Direction တို့သည် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ဖော်ပြခံခဲ့ ရသည်ဟု Digital Spy ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်ဟု သိရသည်။

အသက် ၂၃နှစ်အရွယ်ရှိ တေလာဆွမ်ဖ်၏ We are Never Gelting Back Together သီချင်းသည် iTunesတွင် ပြန့်ခဲ့ပြီး နောက်မိနစ် ၅၀အတွင်း နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သဖြင့် အချိန်တိုအတွင်း ရောင်းအားအကောင်းဆုံး သီချင်းအဖြစ် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရခြင်း ဖြစ်သည်။ ဆွစ်ဖ်သည် ၁၉၉၁ခုနှစ် နောက်ပိုင်း အမေရိကန် အယ်လ်ဘမ်ရောင်းချမှု စာရင်းတွင် သီတင်းပတ်များအတွင်း ချပ်ရေ နှစ်သန်းကျော် ရောင်းချ နိုင်ခဲ့သည့် အမျိုးသမီး အဆိုတော်အဖြစ်လည်း ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။

အလားတူပင် One Direction အဖွဲ့၏ Live While We’re young သီချင်းသည် ဗြိတိန် Single ရောင်းချမှုစာရင်းတွင် ချပ်ရေ အများဆုံး ရောင်းချ နိုင်ခဲ့သည့်အတွက် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။

အီမလီဆန်ဒေး၏ Our Version of Events အယ်လ်ဘမ်သည် ပွဲဦးထွက်ဖြန့်ချိခဲ့ပြီးနောက် ဗြိတိန်ထိပ်တန်း အယ်လ်ဘမ်စာရင်းတွင် ၁၀ပတ် ဆက်တိုက် နံပတ်တစ်နေရာတွင် ဖော်ပြခံရမှုကြောင့် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံရသည်။ ကိုရီးယားအဆိုတော် PSY၏ Gentlemen သီချင်း၊ ဗီဒီယိုသည် အွန်လိုင်းတွင် ကြည့်ရှုသူ အများဆုံးသီချင်း ဗီဒီယိုအဖြစ် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *