News

ဟောလိဝုဒ် သရုပ်ဆောင် စတောလုံး၏ အနုပညာ လက်ရာများ ရှရှားတွင်ပြသ

အမေရိကန်သရုပ်ဆောင် ဆီဗက်စ်တာ စတောလုံး၏ အနုပညာလက်ရာ ၃၀ခန့်ကို ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့ရှိ ပြတိုက်တစ်ခုတွင် ပြသခဲ့သည်ဟု သိရသည်။ အဆိုပါပြပွဲအမည်ကို Sylvester Stallone.Art. 1975-2013 ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ် ၄၀ အတွင်း စတောလုံး ဖန်တီးခဲ့သည့် အနုပညာလက်ရာ အချို့ကို ရွေးချယ်ပြသခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပန်းချီနဲ့ သရုပ်ဆောင် တစ်ခုခုကို ရွေးချယ်ရမည်ဆိုရင် ကျွန်တော်ပန်းချီဆွဲတာကို ရွေးချယ်မှာပါ။ ကျွန်တော်ရဲ့ ပန်းချီကားတွေကို ပြတိုက်မှာ ပြသနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ ဒီပန်းချီကားတွေကို နှစ်သက်ကြမယ်လို့ မျှော်လင့်ထားပါတယ်” ဟု အသက်(၆၇)နှစ် အရွယ်ရှိ သရုပ်ဆောင် စတောလုံးက ပြပွဲဖွင့်ပွဲနေ့တွင် ပြောကြားခဲ့သည်။

စတောလုံးသည် သရုပ်ဆောင်အဖြစ် အနုပညာလုပ်ငန်းများ မစတင်မီကပင် ပန်းချီပညာကို လေ့လာသင်ယူခဲ့ပြီး ဆွစ်ဇာလန်နှင့် မီယာမီတို့တွင် ပြပွဲများ ပြုလုပ်ခဲ့ဖူးသည်ဟု ပြောကြားခဲ့သည်။ စတေားလုံး၏ ပန်းချီလက်ရာများသည် ဝါသနာရှင်တစ်ဦး၏ လက်ရာမဟုတ်ပဲ ပန်းချီကို အရူးအမူးစိတ်၀င်စားသူ တစ်ဦး၏ လက်ရာများဖြစ်သည်ဟု ရုရှားပြတိုက်မှ ဒါရိုက်တာ ဗလာဒီမာ ဂူဆက်ဗ်က ပြောကြားသည်။

ရုရှားအနုပညာလက်ရာများကိုသာ အဓိကထား၍ ပြသသည့် နိုင်ငံပိုင်ပြတိုက်တွင် ဟောလိဝုဒ် သရုပ်ဆောင် တစ်ဦး၏ ခေတ်ပြိုင် အနုပညာလက်ရာများကို ပြသမည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဝေဖန်မှုများထွက်ရှိခဲ့သည်ဟု ဆိုသည်။ စတောလုံး၏ အနုပညာလက်ရာများကို အဆိုပါပြတိုက်တွင် တစ်လကြာ ပြသသွားမည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *