Apps, How-to, Review

Firefox မှာ Profile များ အလွယ်တကူ ပြောင်းလဲ အသုံးပြုလို့ရစေမယ့် Profilist

Firefox မှာ Profile များစွာ ပြုလုပ်အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် ထည့်သွင်းပေးထားတာ ကြာပြီ ဖြစ်ပါတယ်။ ပရိုဖိုင် တစ်ခုချင်းစီ ရဲ့ ဒေတာများ ကို သီးခြား သိမ်းဆည်းပေးထားပြီး အခြေအနေများစွာ မှာ အသုံး၀င်ပါတယ်။ ဥပမာ အားဖြင့် အလုပ်အတွက် ပရိုဖိုင်တစ်ခု ပြုလုပ်ပြီး အလုပ်နဲ့ ပတ်သက်တဲ့ Extensions များ နဲ့ Bookmarks များ အသုံးပြုနိုင်မှာပါ။ အင်တာနက် ဘဏ် လုပ်ငန်းများ နဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ အလုပ်များ အတွက် လုံခြုံစိတ်ချရတဲ့ ပရိုဖိုင် တစ်ခု အသုံးပြုနိုင်ပါတယ်။ Guest Profile ပြုလုပ်ပြီး သူငယ်ချင်း မိတ်ဆွေများ ကို အသုံးပြုစေနိုင်ပါတယ်။

ဘယ်လို အကြောင်းကြောင့် ဖြစ်စေ Profile များ ဟာ အလွန်အသုံး၀င်ပါတယ်။ အထူးသဖြင့် Firefox Version များစွာ ကို တစ်ပြိုင်နက် အသုံးပြုလို့ရစေပါတယ်။

Firefox မှာ Profile Manager ပါရှိပေမယ့် ဘရောက်စာ ရဲ့ Interface မှာ ပြသထားခြင်း မရှိတဲ့အတွက် အလွယ်တကူ အသုံးပြုလို့မရပါဘူး။

Profile တွေကို Manage ပြုလုပ်နိုင်တဲ့ အခြေခံ နည်းနှစ်နည်း ရှိပါတယ်။

၁။ ၀င်းဒိုးရဲ့ Search Box ကနေ Firefox –p လို့ ရိုက်ပြီး Profile Manager ကို ဖွင့်လို့ရပါတယ်။ အဲဒီကနေ Profile တွေကို ရွေးချယ်အသုံးပြုလို့ရသလို Profile အသစ် ပြုလုပ်တာ၊ Profile တစ်ခု ကို ဖျက်ပစ်တာ ၊ Profile တစ်ခု ကို နာမည်ပြောင်းတာ ပြုလုပ်နိုင်ပါတယ်။

၂။ Mozilla Profile Manager ဆိုတဲ့ App ကို လည်း Profile တွေကို Manage ပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ Mozilla Profile Manager က ၂၀၁၁ ခုနှစ် ကတည်းက Update ပြုလုပ်ပေးခြင်း မရှိပေမယ့် ကောင်းမွန် အဆင်ပြေပါတယ်။

Profilist

Ashampoo_Snap_001_

Profilist က Firefox Extension တစ်ခု ဖြစ်ပြီး ပရိုဖိုင်တွေကို ဘရောက်စာ ရဲ့ Interface ကနေ Manage ပြုလုပ်နိုင်ပါတယ်။ Extension ကို Firefox 29 နဲ့ သူ့နောက်ပိုင်း ဗားရှင်းများ မှာ အသုံးပြုနိုင်ပါတယ်။

Profilist ကို အင်စတော လုပ်ပြီးရင် ဘရောက်စာ မှာ ရေပြင်ညီ မျဉ်းကြောင်းပုံစံ အိုင်ကွန် ကို မြင်တွေ့ရမှာ ဖြစ်ပြီး အိုင်ကွန် ကို နှိပ်ရင် လက်ရှိအသုံးပြုနေတဲ့ ပရိုဖိုင် ကို ပြပေးမှာဖြစ်ပါတယ်။ Mouse Cursor ကို ပရိုဖိုင်ပေါ် ကို တင်ကြည့်ရင် ပရိုဖိုင် အားလုံး ကို ပြပေးမှာ ဖြစ်ပြီး နှစ်သက်ရာ ပရိုဖိုင် ကို လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

အခြား ပရိုဖိုင် တစ်ခု ကို ပြောင်းလဲ အသုံးပြုရင် သီးခြား ဘရောက်စာ တစ်ခု အနေနဲ့ ဖွင့်ပေးမှာ ဖြစ်ပြီး လက်ရှိသုံးနေတဲ့ ပရိုဖိုင် ကိုလည်း ဆက်လက် အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် ပရိုဖိုင်များစွာ ကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

profilist

ပရိုဖိုင် အသစ်တစ်ခု ပြုလုပ်နိုင်သလို ပရိုဖိုင်များ ကို နာမည်ပြောင်းနိုင်ပါတယ်။ ပရိုဖိုင် တစ်ခု ကို နာမည်ပြောင်းဖို့ Left-Click နှိပ်ပြီးဖိထားပါ။ ဒါဆိုရင် နာမည်ပြောင်းနိုင်ပါပြီ။

ပရိုဖိုင် တစ်ခု ကို ဖျက်ပစ်ဖို့ အတွက် နာမည်ပြောင်းသလို ပြုလုပ်ရမှာ ဖြစ်ပြီး ပရိုဖိုင်နာမည် ကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ပရိုဖိုင် ကို ဖျက်ပစ်လို့ မရတာ ကို သတိပြုပါ။ ပရိုဖိုင် တစ်ခု ကို ဖျက်ရင် Confirmation Box ကျလာမှာ ဖြစ်ပြီး Accept လုပ်ပေးရမှာပါ။

ပရိုဖိုင်တစ်ခု ကို ဖျက်ရင် အင်စတော လုပ်ထားတဲ့ Extension များ၊ Passwords များ၊ Cookies များ၊ Themes များ၊ Bookmarks များ နဲ့ အခြား ဒေတာများ အပါအ၀င် ဒေတာ အားလုံး ကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။

Firefox မှာ ပရိုဖိုင်များစွာ ပြုလုပ်အသုံးပြုတဲ့သူ ဖြစ်စေ ၊ အခုမှ စတင် အသုံးပြုမယ့် သူ ဖြစ်စေ Profilist က အလွန်အသုံး၀င်ပါတယ်။ ဘရောက်စာ ကနေ ပရိုဖိုင်များ ကို စီမံခန့်ခွဲ နိုင်ပြီး ပရိုဖိုင် ပြောင်းလဲ အသုံးပြရတာလည်း အလွန်လွယ်ကူပါတယ်။

Developer က Extension ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ အစီအစဉ်များ ရှိပါတယ်။ နောက်ပိုင်းမှာ ပရိုဖိုင် ကို Edit ပြုလုပ်ဖို့ ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးမှာ ဖြစ်သလို Default Profile ကို လွယ်ကူစွာ ပြောင်းလဲ နိုင်ဖို့လည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *