Apps, How-to, Review, Web

Web Pageမှာ Note မှတ်သားပေးမယ့် Sticky Notes

အမြဲတစ်စေ ကြည့်ရှုလေ့ရှိတဲ့ ၀က်ဆိုက်မှာ မှတ်စုတွေ မှတ်သားထားနိုင်ရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နေ့တိုင်း အသုံးပြုလေ့ရှိတဲ့ Facebook မှာ လုပ်စရာအလုပ်တွေ၊ မှတ်စုတွေ မှတ်သားထားနိုင်ရင်အဆင်ပြေစေပါတယ်။ အဲဒီအတွက် အခြား Note App တွေကို သီးခြား အသုံးပြုစရာမလိုတော့ပါဘူး။ ဒီလို အမြဲကြည့်လေ့ရှိတဲ့ ၀က်ဆိုက်တွေမှာ မှတ်စုတွေ မှတ်သားပေးနိုင်တဲ့ Firefox Add-Onက Sticky Notes ဖြစ်ပါတယ်။

Sticky Notes ကို Firefoxမှာ အင်စတော လုပ်ပြီးရင် Restart လုပ်စရာ မလိုဘဲ အသုံးပြုနိုင်ပါပြီ။ Toolbar Icon ဒါမှမဟုတ် Keyboard Shortcutsကနေ အသုံးပြုနိုင်ပါတယ်။ မှတ်စုတစ်ခုမှတ်သားဖို့ Toolbar Iconကို နှိပ်ပြီး Generate Stickyကို ရွေးချယ်ပေးပါ။ Shortcut Keyအနေနဲ့ Ctrl+Shift+Cကို အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ပြီးတဲ့ မှတ်စု၀င်းဒိုးကို Drag and Drop လုပ်ပြီး နှစ်သက်ရာ နေရာမှာ ထားရှိနိုင်ပါတယ်။ Resizeလည်း ပြုလုပ်နိုင်ပါတယ်။

မှတ်စုမှာ Tagsနဲ့ စာသားတွေ မှတ်နိုင်ပါတယ်။ မှတ်စု တစ်ခုပြုလုပ်ပြီးတာနဲ့ အဲဒီ Web Page ကိုဖွင့်တိုင်းမှတ်စုကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခု မှတ်ထားရမှာက ၀က်ဆိုက်တစ်ခုရဲ့ Page အတိအကျ မှာ မှတ်စု ကို ပြသပေးမှာ ဖြစ်ပါတယ်။ Page မတူရင် ပြသပေးမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် http://www.myanmarict.wpengine.comမှာ မှတ်စု မှတ်ထားရင် /page2မှာ မှတ်စုကို ပြပေးမှာ မဟုတ်ပါဘူး။

Toolbar Menu ဒါမှမဟုတ် Ctrl+Shift+Sကို နှိပ်ပြီး မှတ်ထားတဲ့ မှတ်စုအားလုံးကို Sidebarမှာ ကြည့်နိုင်ပါတယ်။ အဲဒီကနေ မှတ်စုတွေကို ဖျက်တာ၊ မှတ်စု ပြုလုပ်ထားတဲ့ Web Pageကို ဖွင့်တာ၊ မှတ်စုတွေကို ရှာတာတွေ ပြုလုပ်နိုင်ပါတယ်။

မှတ်စုတွေကို ဒိုမိန်း နာမည်နဲ့ Default အားဖြင့် စီထားတာ ဖြစ်ပါတယ်။ Tags အလိုက် စီဖို့ ပြောင်းလဲနိုင်ပါတယ်။

Sticky Notes for Firefoxက အလွန်အသုံး၀င်တဲ့ Extension ဖြစ်ပါတယ်။ နေ့စဉ်ကြည့်လေ့ရှိတဲ့ ၀က်ဆိုက်တွေမှာ မှတ်စု မှတ်သားနိုင်တဲ့အတွက် အခြား Note Appများကို အသုံးပြုစရာ မလိုတော့ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *