News

YouTube Appနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်

မနေ့ကမှ မြန်မာအိုင်စီတီမှာ သတင်းတင်ခဲ့တဲ့ Microsoftရဲ့ ၀င်းဒိုးဖုန်းတွေ အတွက် YouTube App ကို Googleက ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။ Googleကလည်း အတည်ပြုပြောကြားခဲ့ပြီး အဆိုပါAppဟာ အသုံးပြုခွင့် နည်းလမ်းစည်းမျဉ်းတွေကို ချိုးဖောက်လို့ ပိတ်ပင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မေလအတွင်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Microsoftနဲ့ Googleဟာ ၀င်းဒိုးဖုန်းတွေအတွက် YouTube Appကို HTML5 Language အခြေခံကာ အတူတူ ဖန်တီးခဲ့ပြီး Microsoftအနေနဲ့ အခုလို လုပ်လိုက်တာဟာ YouTubeစည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

Microsoftအနေနဲ့ YouTubeရဲ့ Featureတွေကို စုံလင်စွာ သုံးလို့ရဖို့အတွက် Browser Upgradeစီစဉ် ပေးခဲ့ခြင်း မရှိတဲ့အပြင် ကျွနု်ပ်တို့ရဲ့ “Terms Of Service”တွေကို ချိုးဖောက်တဲ့ YouTube Appကို ဖြန့်ချိခဲ့ခြင်းသာ ဖြစ်တယ်လို့ Googleရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။ “အဆိုပါ Appဟာ Disableဖြစ်သွားပါပြီ။ ကျွနု်ပ်တို့ဟာ ကျယ်ပြန့်တဲ့ Developerပတ်၀န်းကျင်ကို တန်ဖိုးထားတဲ့အတွက် အားလုံးကို စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်တွေ လိုက်နာဖို့ ပြောကြားထားပါတယ်”လို့ ၎င်းကပဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ Appဟာ ယခုရက်သတ္တပတ် အစောပိုင်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး Googleနဲ့ Microsoft အကျိုးတူ ပူးပေါင်းကာ Windows Phoneအသုံးပြုသူတွေ အတွက် ရည်ရွယ်ခဲ့ပေမယ့် Microsoftက အခုလို ရုတ်တရက်ကြီး Googleကို အသိမပေးဘဲ ထုတ်လိုက်တာဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ Microsoftရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ “Googleဟာ ကျွန်တော်တို့ရဲ့ Update You Tube Appကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

One thought on “YouTube Appနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်

Leave a Reply

Your email address will not be published. Required fields are marked *