News

Surface 2 LTE အမျိုးအစား ကို ဒေါ်လာ (၆၇၉) ဖြင့် ရောင်းချ

Microsoft က LTE အသုံးပြုနိင်သည့် Surface 2 Tablet ကို ရောင်းချပေးလိုက်ပါတယ်။ 64GB အမျိုးအစားဖြစ်ပြီး ဒေါ်လာ (၆၇၉) ဈေးနှုန်း သတ်မှတ်ထားပါတယ်။ Microsoft Store , Best Buy တို့မှ ရောင်းချပေးမှာဖြစ်ပါတယ်။ Microsoft က AT&T နဲ့ Vodafone တို့ ၏ လိုင်းများ ထည့်သွင်းထားတဲ့ Surface 2 ကို ရောင်းချပေးမယ်လို့ အရင်က ပြောကြားဖူးပေမယ့် AT&T အသုံးပြုနိုင်တဲ့ အမျိုးအစား ကို သာ အမေရိကန်မှာ ရောင်းချပေးလိုက်တာဖြစ်ပါတယ်။

LTE ကို Support ပေးသည့်အပြင် Hardware ပြောင်းလဲမှု အနည်းငယ် ရှိပါသည်။ Microsoft က SIM Slot ကို ဘယ်ဘက်တွင် ပြောင်းလဲတပ်ဆင်ထားပါတယ်။ Volume ခလုတ် ရဲ့ အောက်ဘက်မှာ ဖြစ်ပါတယ်။ တက်ဘလက် မှာ Windows RT 8.1 မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ တက်ဘလက် ကနေ WiFi ပြန်လွှင့်ပေးနိုင်ပါတယ်။ အရင် ရောင်းချခဲ့တဲ့ သာမာန် Surface 2 မှာလိုပဲ LTE အမျိုးအစားမှာ OneDrive Storage တွင် 200GB နှစ်နှစ် ရရှိမှာဖြစ်ပါတယ်။ ကြိုးလိုင်းတွေကို ဖုန်းခေါ်ဆိုနိုင်တဲ့ Skype ၀န်ဆောင်မှု ကို တစ်နှစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခြား Hardware များနဲ့ပတ်သက်ပြီး Microsoft က ကြေညာခြင်းမရှိသေးပါဘူး။ အခုလောလောဆယ် မှာ LTE အသုံးပြုနိုင်တဲ့ Surface 2 ကို ၀ယ်ချင်ရင် 64GB အမျိုးအစားသာ ရရှိပါသေးတယ်။ အခြားရွေးချယ်နိုင်တဲ့ Storage Option တွေ မရှိသေးပါဘူး။ Microsoft က ၇ လက်မ ဒါမှမဟုတ် ၈ လက်မအရွယ် Surface Mini ကို ပြင်ဆင်နေတယ်လို့ လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *