Education

STUDY ABROAD SIM ပညာရေး ဆွေးနွေးပွဲကို နို၀င်ဘာလတွင် ရန်ကုန်မြို့ နှင့် တောင်ကြီးမြို့ များမှာ ကျင်းပမည်

AsiaOne.com တို့၏ “AsiaOne People’s Choice Awards” မှ The Best Private School in Singapore ကို (၅) နှစ် ဆက်တိုက် ရရှိထားသော Singapore Institute of Management (SIM)၊ SIM Global Education (SIM GE) မှ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ STUDY ABROAD ရုံးခန်း တွင် နို၀င်ဘာလ (၂၂) ရက်၊ သောကြာနေ့ နှင့် တောင်ကြီးမြို့ ၊ Cherry Queen Hotel တွင် နို၀င်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့တွင် နေ့လည် (၁) နာရီမှ (၃) နာရီ အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။

SIM Global Education (SIM GE) သည် Australia, United Kingdon (UK), United State (USA) နှင့် Switzerland နိုင်ငံတို့ရှိ အထင်ကရတက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားပြီး၊ ထိုတက္ကသိုလ်ကြီးများမှ ဘွဲ့များကို SIM GE တွင် ရယူနိုင်သည် ဟုဆိုပါသည်။

SIM Global Education (SIM GE) နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်များမှာ UK ရှိ University of London, University of Birmingham, University of Warwick နှင့် University of Stirling, US ရှိ University at Buffalo, The State University of New York, Australia ရှိ RMIT University, University of Wollongong နှင့် Switzerland နိုင်ငံရှိ IMI International Hotel Management Institute တို့ ဖြစ်ပါသည်။

ဘွဲ့ကြိုတွင် International Business, Management, Computer Science, International Trade, Accounting, Banking, Hospitality Management, Finance, Economic အစရှိသော မေဂျာရပ်များကို သင်ယူနိုင်သည့်အပြင် ဘွဲ့လွန်အတွက် Masters Programs များကိုပါ သင်ယူနိုင်ကြောင်းသိရပါသည်။ STUDY ABROAD _ SIM ပညာရေး ဆွေးနွေးပွဲတွင် SIM ကျောင်းတာ၀န်ခံများမှ ကျောင်း၀င်ခွင့် နှင့် ပတ်သက်သော အချက်အလက်များ၊ သင်ယူနိုင်သော ဘာသာရပ်များ၊ Partner Universities များအကြောင်း နှင့် ပညာသင်ဆုများ အကြောင်းကိုထည့်သွင်းပြောကြား သွား မည် ဖြစ်ပါသည်။

စိတ်၀င်စားသော မိဘများ နှင့် ကျောင်းသူ၊ ကျောင်းသားများ အနေနှင့် အသေးစိတ် စုံစမ်းသိရှိလိုသည်များ ရှိပါကလည်း STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ အခန်းအမှတ် (၁၁၀၃) ၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်း အနီး) ၊ ကမာရွတ်မြို့နယ်။ ဖုန်း (၀၉) ၅၁၅၁ ၀၀၈ ၊ (၀၉) ၇၃ ၂၄၂၄ ၀၄ တို့တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *