News, Review

စိတ်ပျက်စရာ “ဖုန်” တွေနဲ့ ဝေးဝေးနေလိုက်ပါ

သန့်ရှင်းတောက်ပြောင်တဲ့အိမ်လေးဖြစ်လာအောင် ကြိုးစားရတာ တကယ်မလွယ်ပါဘူး။ ဖုန်ဆိုတာမျိုးကလည်း ထပ်ခါထပ်ခါတက်တဲ့အမျိုးဆိုတော့ အိမ်ရှင်မတွေအတွက် ခဏခဏ တံမြက်စည်းလှဲရတာ မသက်သာသလို အကြိုအကြားတွေကိုလှဲဖို့ကလည်း တကယ်လက်ဝင်ပါတယ်။ ဒါတွေကိုကူညီပေးဖို့ အိုင်စီတီမှာ အလိုအလျောက်ဖုန်စုပ်စက်လေးတွေရှိပါတယ်။ သူတို့က လူမပါဘဲနဲ့ သင့်ရဲ့တစ်အိမ်လုံးကို ကောင်းကောင်းသန့်ရှင်းရေးလုပ်ပေးနိုင်မှာပါ။ တံမြက်စည်းလှဲရခက်တဲ့ ကော်ဇောမျက်နှာပြင်တွေ၊ ထိုင်ခုံ/ဆိုဖာအောက်တွေမှအစ နှံ့နှံ့စပ်စပ်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ စုပ်ယူလာတဲ့ဖုန်တွေကိုလည်း အလွယ်တကူစွန့်ပစ်နိုင်တာကြောင့် အိမ်ရှင်မတွေကို အချိန်ကုန်၊ လူပင်ပန်း တကယ်သက်သာစေပါတယ်။ Wifi နဲ့လည်းချိတ်ဆက်နိုင်တဲ့အတွက် ကိုယ်အိမ်မှာမရှိရင်တောင် သူတို့ကို အဝေးကနေလှမ်းခိုင်းနိုင်ဦးမှာဆိုတော့ လုံးဝ Perfect ပါပဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့လင့်ခ်လေးကနေ နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *