How-to

Mozilla Firefox browser သုံးရတာ ကြိုက်တယ်၊ သို့ပေမယ့် သုံးရတာ နှေးနေလို့ Speed မြှင့်တင်ချင်တယ်ဆိုရင်

firefox

Firefox browser ကို သုံးတာ ကြာလာရင် လေးလာတတ်ပါတယ်။ Browser ကို ဖွင့်လိုက်ပေမယ့် အချိန်တော်တော် မပွင့်ပဲနဲ့ ရှိနေတတ်ပါတယ်။ အဲဒီလို လေးနေလို့ မြန်ချင်တယ်ဆိုရင် ပြုလုပ်ပုံနည်းလေး ပြောပြပေးပါမယ်။

 

firefox-step-1

firefox-step-1

1. Start >> Run box ထဲမှာ gpedit.msc လို့ ရိုက်ပြီး Local Group Policy ထဲကို သွားပါ။
2. User Configuration အောက်က Administrative Tamplate ထဲကို သွားပါ။
3. Network Folder ကို ဝင်ပါ။
4. အဲဒီထဲမှာ “QOS Packet Scheduler” ကို ရှာပြီး Double Click နှိပ်ပြီး ဖွင့်ပေးပါ။
5. “Limit Reservable Bandwidth” ဆိုတာကို Double Click နှိပ်ပြီး ဖွင့်ပါ။
6. ပြီးရင် Enable Check box ကို on ပေးပါ။ Bandwidth Limit % နေရာမှာ 0 ထားပြီး Apply >> Ok နှိပ်လိုက်ပါ။ ဒါဆိုရင် Browser ရဲ့ Bandwidth Speed က 20% တိုးလာပါလိမ့်မယ်။

 

နောက်ထပ်တစ်နည်း

firefox-step-2

firefox-step-2

ဒါကတော့ Browser ပြင်ပေးရမှာ ဖြစ်ပါတယ်။
1. အရင်ဆုံး Browser ကို ဖွင့်လိုက်ပါ။ ပြီးရင် Address bar မှာ about:config ဆိုတာကို ရိုက်ပြီး Enter
နှိပ်လိုက်ပါ။
2. ကျတဲ့ List ထဲမှာ browser.tabs.showSingleWindowModePrefs စာကြောင်း ရှာပြီး Double Click
နှိပ်လိုက်ပါ False ကနေ True ပြောင်းသွားရင် ရပါပြီ။
3. နောက်ထပ် network.http.pipelining ကို ရှာပြီး Double Click နှိပ် True ပြောင်းပေးပါ။
4. နောက်ဆုံး တစ်ခုကတော့ network.http.pipelining.maxrequests ဆိုတဲ့ စာကြောင်းပါ သူကို ရှာပြီး Double Click နှိပ်ပါ။ ပေါ်လာတဲ့ box ထဲက Number ကို 60 ပြောင်းပြီး Ok နှိပ်လိုက်ပါ။

အားလုံး ပြီးပြီးဆိုရင် Browser ကို ဖွင့်ကြည့်လိုက် ခါတိုင်းထက် သိသိသာသာ မြန်ဆန်လာပါလိမ့်မယ်။

နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ပါစေလို့…

 

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *